#Local_News
Published-1 June 1

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့လေးတောင်မြို့တွင် မေလ၃၁ရက်က မွန်းလွဲပိုင်းက ဖုန်းဖြင့်ဂိမ်းဆော့နေစဉ် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသူ ရှစ်တန်း (Grade 8) ကျောင်းသားတစ်ဦးနှင့် စနစ်သစ် ၁၁တန်း (Grade 11) ကျောင်းသားတစ်ဦးကို ဇွန်လ၁ရက်(ယနေ့)သဂြိုလ်သွားမည်ဖြစ်ကြောင်း ဒေသခံများထံကသိရသည်။

သေဆုံးသွားသူများမှာ လေးတောင်မြို့အမှတ်(၁)ရပ်ကွက်၊ နဂါးရပ်နေ ဦးမောင်မဲ၏သားဖြစ်သူ ရှစ်တန်း ကျောင်းသား မောင်လင်းလင်းထွန်း နှင့် ဦးကြံရွှေမောင်၏သားဖြစ်သူ ၁၁တန်း ကျောင်းသား မောင်မြင့်မြတ်မောင်တို့ ဖြစ်ကြောင်းသိရပြီး၎င်းတို့နှစ်ဦးမှာ မေလ၃၁ရက် မွန်းလွဲ ၁၂ နာရီကျော်အချိန်က  နဂါးရပ်ရပ်ကွက်ရှိ ဦးမောင်မဲ၏နေအိမ်တွင် ဖုန်းအားသွင်းလျက် ဂိမ်းဆော့နေစဉ် မိုးကြိုးထိမှန် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၂ဦးကို ဇွန်လ၁ ရက်(ယနေ့) သဂြိုလ်သွားမည်ဖြစ်ကြောင်းသိရသည်။

လေးတောင်မြို့တွင် မတ်လ၃၀ရက် မွန်းလွဲပိုင်းကရုတ်တရက် မိုးရွာသွန်းပြီး လေပြင်းလည်း တိုက်ခတ်နေရာ လျှပ်စီးများလည်း အဆက် မပြတ်လက်နေခဲ့ကြောင်း ဒေသခံများထံကသိရသည်။

မေလ ၃၀ ရက် ညနေ လေးနာရီခွဲခန့်ကလည်း ကျောက်ဖြူမြို့နယ်တွင် စက်လှေတစ်စီး မိုးကြိုးပစ်ခံရ၍ မင်းချောင်းကျေးရွာမှ ဦးထွန်းဝင်းချေ (၄၄ နှစ်) မှာသေဆုံးခဲ့ပြီး တရွာတည်းနေသူ ကိုမောင်မောင်တင် ဆိုသူသည်လည်း မိုးကြိုးပစ်ခံရ၍ ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သိရသည်။
#ymg/BM
#YMG #Yangon_Media_Group