#Local_News
Published_ 31 May 2023

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ အမှတ်(၁၄)၊ ဇောတိကရပ်ကွက်တွင်ရှိနေအိမ်တစ်အိမ်ပေါ်သို့ မေလ ၃၀ရက်နေ့ ညနေပိုင်းက သစ်ပင်တစ်ပင်လဲကျမူဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။

အဲ့ဒီသစ်ပင်လဲကျမူကြောင့် နေအိမ်အတွင်းရှိ ကျား(၁)ဦး၊ မ(၆)ဦး၊ စုစုပေါင်း(၇)ဦးအနက် ကလေး မ(၁)ဦး(သေဆုံး)၊ ကျား(၁)ဦး၊ မ(၅)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပေမယ့် မစိုးရိမ်ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကထုတ်ပြန်ထားသည်။

အခင်းဖြစ်နေရာသို့ ချောက်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအ သင်းဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

သေဆုံးသူရုပ်အလောင်းနှင့်ဒဏ်ရာရရှိသူတွေက်ိုမနောဖြူလူမှုကူညီရေးအသင်းယာဉ်ဖြင့် ချောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
ymg/ynzw
#YMG #Yangon_Media_Group