#Local_News
Published_ 27 May 2023


Atom ဆင်းကဒ်အချို့ အထွက်ခေါ်ဆိုမှုများခေါ်မရဘဲ ရပ်တန့်နေတယ်လို့ Atom သုံးစွဲသူပြည်သူအချို့က YMG ကိုပြောပါသည်။ မေလ ၂၇ရက်နေ့ နေ့လည်ပိုင်းလောက်ကစပြီး မြန်မာနိုင်ငံအနှံ Atom သုံးစွဲသူများအထွက်ခေါ်ဆိုမှုတွေ မရရှိဘဲ အဝင်ခေါ်ဆိုမှုများရရှိနေကြောင်း သိရသည်။

 

Atom ရဲ့ Hot line ကို YMG က ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမယ့် လက်ရှိအချိန်ထိ ဆက်သွယ်၍မရရှိသေးချေ။ Atom တရားဝင်လူမှုကွန်ယက်စာမျက်နှာမှာတော့ အထွက်ခေါ်မှုပြတ်တောက်နေတာနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောဆိုခြင်းတော့မရှိသေးချေ။

 

လက်ရှိမှာ Atom ဆက်သွယ်ရေးအော်ပရေတာတစ်တည်းလိုင်းပြတ်နေတာဖြစ်ပြီး ကျန်သည့် အော်ပရေတာများမှာ အဝင်ရောအထွက်ခေါ်ဆိုမှုများရရှိနေသေးကြောင်း သုံးစွဲသူပြည်သူများထံမှ သိရသည်။

 

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကတော့ ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့က ပြည်တွင်းမှာ သုံးဆွဲနေသည့် ဆင်းကဒ်များကို နိုင်ငံသားစိစစ်ရေးကဒ်ပြားများဖြင့် တိုက်ဆိုင်စစ်ဆေးပြီး ရက်ပေါင်း ၃၀ အတွင်း မှန်ကန်စွာပြန်လည်မှတ်ပုံတင်ရန် အသိပေးစာတို (SMS) များ ပေးပို့သွားမည်ဖြစ်ပြီး ရက်ပေါင်း ၉၀ အတွင်း နိုင်ငံသားစိစစ်ရေးကဒ်အချက်အလတ်အမှန်ဖြင့် ပြန်လည်ပြင်ဆင်ခြင်းမရှိသည့် ဆင်းကဒ်များကို အပြီးပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။



#ymg/ynzw #Local_News #Atom ဆင်းကဒ်အချို့ #အထွက်ခေါ်မှုများပြတ်တောက်နေ
#YMG #Yangon-Media-Group