#LocalNews
Published_ 23 March 2023

မြန်မာကျောင်းသား၊ကျောင်းသူများ ပြည်ပတွင်ပညာသင်ကြားနိုင်ရေးကြိုးပမ်းဆောင်ရွက်ပေးခဲ့သည့် CROWN Education၏ ပဲ့ကိုင်ရှင် ဦးအောင်ကျော်ဆန်း အိန္ဒိယတွင်ကွယ်လွန်သွားကြောင်း CROWN EDUCATION & Royal Academic Institute မိသားစု၏ထုတ်ပြန်ချက်အရသိရသည်၊၊

ထုတ်ပြန်ချက်တွင် CROWN Education & Royal Academic Institute ​၏ Managing Director ဦးအောင်ကျော်ဆန်းသည် ၂၀၂၃ ခု မတ်လ ၂၂ ရက် , India စံတော်ချိန် ညနေ ၈ နာရီ ၂၀ မိနစ်တွင် India နိုင်ငံ Hyderabad မြို့, AIG Hospital တွင် Amyloidosis ရောဂါဖြင့် ကွယ်လွန်သွားကြောင်း ကျောင်းသူ/ ကျောင်းသားများနှင့် မိဘများအား အသိပေးကြောင်း၊

ဆရာဦးအောင်ကျော်ဆန်း​၏ ပညာရေးဆိုင်ရာ အကြံပေးကူညီမှုများတွင် အမှားအယွင်း တစုံတရာရှိခဲ့ပါကလည်း စေတနာအမှားအဖြစ် နားလည်ခွင့်လွှတ်ပေးကြပါရန် ဆရာ့ကိုယ်စား တောင်းပန်အပ်ကြောင်းလည်းဖော်ပြထားသည်၊၊

ymg/tthl
#Yangon_Media_Group