#LocalNews Published-12 March 2023 ကိုရီးယားနိုင်ငံသင်္ဘောတည်ဆောက်ရေးလုပ်ငန်းများအတွက် မြန်မာကျွမ်းကျင်ဂဟေလုပ်သားများ သွားရောက်လုပ်ကိုင်ခွင့်ရကြောင်း ဆိုးလ်မြို့ရှိ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သိရသည်။ အဆိုပါ မြန်မာအလုပ်သမားများအား ကျွမ်းကျင်ဂဟေလုပ်သားများအဖြစ် E-7-3 ဗီဇာဖြင့် စေလွှတ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ မတ်လ ၁၂ ရက်က ကိုရီးယားနိုင်ငံ Samsung Heavy Industries တွင် လုပ်ကိုင်မည့် မြန်မာဂဟေလုပ်သား (၁၇) ဦး ရောက်ရှိသွားကြပြီဖြစ်ကြောင်း သိရသည်။ ယင်းတို့အား ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိမှ ကြိုဆို၍ လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းလည်း ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး က ထုတ်ပြန်ထားသည်။ ymg/mt