Miss Burma Organization မှ Miss Supranational 2021 သို့ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ရန် မြန်မာအလှမယ် အား ၂၀၂၁ ခုနှစ်တွင် ရွေးချယ်စေလွှတ်ခဲ့နိုင်ခြင်းမရှိပဲ ၂၀၂၂ ခုနှစ်သို့ ရွေ့ပြောင်း ရွေးချယ်မည်ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ် ။

Miss Burma Organization ရဲ့ President ဖြစ်သူ ဦးခွန်းဆက်ဟန် ( Khunn Hsett Han ) က " ကျွန်တော်တို့ Miss Burma Organization ကနေ ဒီ၂၀၂၁ခုနှစ်မှာ Miss Supranational 2021 ကမ္ဘာ့အလှမယ်ပြိုင်ပွဲကြီးသို့ မြန်မာအလှမယ်သွားရောက်ယှဉ်ပြိုင်ရန် ကိုယ်စားပြုအလှမယ်အားရွေးချယ်ခဲ့ခြင်းမရှိပါဘူး ။ ရွေးချယ်ခဲ့ခြင်းမရှိဘူးဆိုတာထက် ရွေးချယ်ခဲ့နိုင်ခြင်းမရှိဘူးလို့ ဆိုရင် ပိုမှန်ပါလိမ့်မယ် ။ ဘာကြောင့်လည်းဆိုတော့ ဒီအချိန် ဒီကာလမှာ ပို၍ ဆိုးဝါးစွာကျရောက်တဲ့ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် တတိယလှိုင်းကာလ နှင့် တိုက်ဆိုင်နေတယ် ။ နောက်ပြီး နိုင်ငံရေး မတည်ငြိမ်မှု ပဠိပက္ခအကြောင်းတရား များကြောင့်လည်းအပါအဝင်ဖြစ်ပါတယ် ။ ကျွန်တော် တို့ Miss Burma Organization အနေနဲ့ Miss Supranational Myanmar လိုင်စင်ကို ကိုင်စွဲနိုင်ခဲ့တာ ကိုဗစ်ဒုတိယလှိုင်းအချိန်မှသာဖြစ်ပါတယ် ။ နိုင်ငံကိုယ်စားပြုပြိုင်ပွဲပြုလုပ်ရွေးချယ်ရန် မြို့နယ်ကိုယ်စားအလှမယ်များ အသီးသီးစနစ်တကျရွေးချယ်၍ ယခင်ကပ်ရောဂါတခုတည်း ရှိစဉ်ကာလက ကြိုးစားခဲ့ပါသော်လည်း ယခုလို ပြည်သူလူထုအကြပ်အတည်းကြီးမားတဲ့ ကာလ နဲ့ ကပ်ရောဂါကာလ ပြိုင်တူ ကြုံတွေ့တဲ့အခါမှာ ကြိုးစားသော်လည်း ရွေးချယ်နိုင်ဖို့ အချိန် နှင့် အဘက်ဘက်မှမလုံလောက်ပါဘူး ။ အလှမယ်တွေ အနေနဲ့ကလည်း ဒီအချိန်မှာ သွားရောက်ယှဉ်ပြိုင်ဖို့ ငွေရေး ကြေးရေးအပါအဝင် အဖက်ဖက်မှမလုံလောက်ကြတာ အတော်များနေတဲ့ကာလလည်းဖြစ်နေတယ် ။ Organization က လိုတာထက်ပိုသော Supporting လည်း မပေးနိုင်သော ကမ္ဘာ့စီးပွားရေးကပ် လည်းဖြစ်နေပါတယ် ။ နောက်ပြီး Miss Burma 2021 က တခြားသော Big 5 ပါဝင်တဲ့ မြန်မာအလှမယ်ပြိုင်ပွဲကြီးများလို ဟိုးပဝေသနီကတည်းက ဘက်ဂျက်ပိုင်းအရစုဆောင်းသော အချိန် နှင့် အလှမယ် ကြိုတင်ပြင်ဆင်မှုအချိန် မရခဲ့တာကြောင့်ပါ ။ တခြားသောအကြောင်းများကြောင့် Miss Burma Organization က Miss Supranational 2021 ကို သိန်းပေါင်းရာချီတဲ့ လိုင်စင်ကြေးတွေ အရှုံးခံပြီးမလွှတ်နိုင်စရာ ဘာအကြောင်းမှမရှိပါဘူး ။ တဖက်နိုင်ငံကိုသွားရောက်ယှဉ်ပြိုင်ပြီး Speakoutလုပ်မှာဆိုးလို့ဆိုတဲ့ နိုင်ငံရေးအကျိုးအပြစ်လို့ပြောရအောင်ကလည်း ၎င်းအကျိူးနှင့်အပြစ်က သွားရောက်ယှဉ်ပြိုင်သူအလှမယ်ဆီမှာသာ တိုက်ရိုက်သက်ဆိုင်ပါတယ် ။ အကျိူး နဲ့ အပြစ်က Organization နှင့်သက်ဆိုင်စရာအကြောင်းမရှိလို့ ဒီအကြောင်းကြောင့်လေးတခုနဲ့တော့ Miss Burma က မလွှတ်နိုင်စရာ ကိစ္စ အကြောင်းမရှိဘူး လို့ Miss Burma Organization ရဲ့ President ဖြစ်တဲ့ ဦးခွန်းဆက်ဟန် ( Khunn Hsett Han ) က ဆိုထားပါတယ် 

Miss Burma Organization ဟာ ဆိုရင် ကမ္ဘာ့အခမ်းအနားဆုံးအလှမယ်ပြိုင်ပွဲ Big 5 စာရင်းဝင် Miss Supranational လိုင်စင်အား ၂၀၂၀ ခုနှစ် နှောင်းပိုင်းမှ စ၍ ရယူထားနိုင်ခဲ့တာဖြစ်ပါတယ် ။ ၂၀၂၂ ကာလမှာ Miss Burma - Miss Supranational Myanmar 2022 အလှမယ်ပြိုင်ပွဲကြီးကို မြန်မာ့ Pageantry တခေတ်ဆန်းသစ်အောင် ကျွန်တော်တို့ ကြိုးစားကျင်းပသွားမယ် ။ Myammar Media မီဒီယာတတ်သစ်စများကို တရားဝင်လက်တွဲ ပြီး ရေရှည်မြှင့်တင်ပေးသွားဖို့ Miss Burma က အစီအစဉ်ရှိတယ်လို့ Miss Burma Organization ရဲ့ President ဖြစ်တဲ့ ဦးခွန်းဆက်ဟန် ( Khunn Hsett Han ) က Yangon Time ကိုဖြေကြားထားပါတယ်