Published 29 Oct 2022

တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်မှာ ယနေ့ အောက်တိုဘာ ၂၉ ရက်ညမှာ Halloween ဟော်လိုဝင်းပွဲတော် ကျင်းပနေစဉ်အတွင်း ကျဉ်းမြောင်းတဲ့ လမ်းတစ်ခုမှာ ကြီးမားတဲ့ လူအုပ်ကြီးက အရှေ့ကို အလုအယက်ပြုံတိုးမှုကြောင့် လူဒါဇင်ပေါင်းများစွာ နှလုံး ရပ်ကုန်ကြပါတယ်။

အမျိုးသားမီးသတ်ဌာနကက အရာရှိတစ်ဦးရဲ့အဆိုအရ ဆိုးလ်မြို့တော်ရဲ့ အပန်းဖြေနေရာတစ်ခုဖြစ်တဲ့ Itaewon အရပ်မှာ  လူ၁၀၀ ဝန်းကျင်ခန့်ဟာ  တဟုန်ထိုးတိုးမှုကြောင့် ထိခိုက်ဒဏ်ရာ တွေရရှိခဲ့ကြတယ်လို့သိရပါတယ်။

လူ၅၀လောက်ဟာ နှလုံးရပ်တန့်ခဲ့ကြပြီး အခြားသူတော်တော်များများဟာ သေဆုံးခဲ့ကြရတယ်လို့ သတင်းတွေက ဆိုပါတယ်။

နှလုံးရပ်တန့်သွားလို့ အရေးပေါ်ကုသပေးလိုက်ရတဲ့ အသေးစိတ်ကို အရာရှိတွေက ထုတ်မပြောပါဘူး။ ဒါပေမယ့် ဒါဇင် ပေါင်းများစွာရှိနိုင်တယ်လို့ သူတို့ကပြောပါတယ်။

ဆိုးလ်ရဲ့ အဓိကပါတီပွဲကြီးတစ်ခုလုပ်နေတဲ့ ဟမ်မီလ်တန်ဟိုတယ်အနီး လမ်းကျဉ်းကျဉ်းကလေးထဲမှာ ကြီးမားတဲ့လူအုပ်ကြီးက  ရှေ့ကို အတင်းတိုးဝှေ့ကြပြီးနောက် သေဆုံးမှုတွေဖြစ်ခဲ့ကြရတာလို့ သူတို့က ယုံကြည်ထားကြပါတယ်။

 ဒါဇင်များစွာရှိတဲ့လူတွေကို Itaewon လမ်းတွေပေါ်မှာပဲ CPR အရေးပေါ်အသက်ကယ်ကုသမှုတွေလုပ်ပေးခဲ့ရပါတယ်။ အချို့ကိုတော့ အနီးအနားက ဆေးရုံတွေဆီ ပို့ဆောင်ပေးကြပါတယ်လို့ ရဲတွေကပြောပါတယ်။

အဲဒီနေရာကို အရေးပေါ်ကယ်ဆယ်ရေးလုပ်သား ၄၀၀ကျော်ရောက်ရှိနေကြပါတယ်။ဖြစ်ပွားရတဲ့ အသေးစိတ်ကို စုံစမ်း ဖော်ထုတ်နေဆဲဖြစ်ပါတယ်။

တောင်ကိုးရီးယားသမ္မတ ယွန်ဆပ်ယိုးက ထိခိုက်ဒဏ်ရာရသူတွေကို အသေအချာကုသစောင့်ရှောင်ပေးဖို့နှင့် ပွဲတော်နေရာရဲ့ ဘေးကင်းမှုအပေါ်ပြန်လည်သုံးသပ်ဖို့ ကြေညာချက်ထုတ်ပြန်ပါတယ်။

ဆိုးလ်မြို့တော်ဝန် အိုဆီဟွန်းက လောလောဆယ် ဥရောပကိုခရီးထွက်နေပြီး ဒီသတင်းကြောင့် ချက်ခြင်းပြန်လာမယ်လို့ပြောပါတယ်။

Source DailyMail

#Seoul

#Halloween_festivities

#A_ massive_stampede