Published 3 Oct 2022

ဟာရီကိန်း  အိုင်ယန်ကြောင့် ဖလော်ရီဒါပြည်နယ်မှာ သေဆုံးသူပေါင်း ၇၇ ဦး အထိရှိပြီလို့ စီအင်န်အင်န်က ပြောပါတယ်။ အင်အားအကြီးမားဆုံးမုန်တိုင်းတွေထဲက တစ်ခုဖြစ်တဲ့ ဟာရီကိန်းအိုင်ယန်ဟာ အမေရိကန်ပြည်ထောင်စု တောင်ပိုင်းပြည်နယ်ကို ပြင်းထန်စွာတိုက်ခတ်ခဲ့ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်က မုန်တိုင်းကြောင့် ဒုက္ခရောက်နေသူတွေကို အစွမ်းကုန်ကူညီဖို့ သူစိတ်ပိုင်းဖြတ်ထားတယ်လို့ ပြောပါတယ်။

ဖလော်ရီဒါပြည်နယ် မက်လာချာ ကျွန်းပေါ်မှာ ကြောက်မက်ဘွယ်ဟာရီကိန်းတိုက်ခတ်ပြီးနောက်  မြင်တွေ့ရတဲ့ အပျက်အစီးတွေက ကြီးမားလှပါတယ်။ ဆုံးရှုံးမှုတန်ဖိုးဟာ ဒေါ်လာ ၃.၈ ဘီလျံကျော်ခန့်ရှိမယ်လို့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။

အမေရိကန်ကမ်းခြေစောင့်တပ်ကတော့ သူတို့ဟာ ဟာရီကိန်းမုန်တိုင်းအတွင်းနစ်မြုပ်သွားတဲ့ လှေတစ်စီးပေါ်က ‌ ပျောက်ဆုံးသွားတဲ့ ရွှေ့ပြောင်းလာသူ ၁၆ ဦးကို ရှာဖွေတဲ့အလုပ်တွေ ရပ်ဆိုင်းလိုက်ပြီလို့ ကြေညာပါတယ်။

Source: AFP

#Hurricane_Ian

#Florida_Ian

#US_Hurricane