#Health_Tips
Published 4 October 2022

 

အသက်အရွယ်ကြီးရင့်လာခြင်း၊ ဆေးလိပ်သောက်ခြင်း၊ မိခင်နို့တိုက်ကျွေးခြင်း စတဲ့အကြောင်းအရာများကြောင့် ရင်သားလျော့ရဲလာသလို ခံစားရတတ်ပါတယ်။

 

အသက်ကြီးလာတာနဲ့အမျှ ရင်သားတင်းရင်းမှု လျော့နည်းလာတာ သဘာဝဖြစ်ပြီး ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ယုံကြည်မှုလျော့နည်းလာတတ်ပါတယ်။

 

ယခုအခါ သင့်နို့ရည်ဂလင်းများက ဘာကြောင့်လျော့ကျသွားသလဲဆိုတာနဲ့ အလွန်အကျွံလျော့ရဲခြင်းကို ဘယ်လိုရှောင်ရှားရမလဲဆိုတာကို ဆရာဝန်တစ်ဦးမှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

Clinic Center မှ ဒေါက်တာ'ဟာကန်ဂန်ဒိုဂန်'က ဂရုစိုက်ရမယ့် ၇ မျိုးကို ဖော်ပြခဲ့ပါတယ်။

 

(၁) ဆေးလိပ်သောက်ခြင်း

 

ဆေးရွက်ကြီးက ကော်လာဂျင်ကို ပြိုကွဲစေကာ ရင်သားတင်းရင်းခြင်းကို လျော့ရဲစေပါတယ်။

 

(၂) အတွင်းခံအမျိုးအစား

 

ရင်သားကိုထောက်ပံ့ပေးနိုင်တဲ့ အတွင်းခံဝတ်ခြင်းဖြင့် ပုံကျစေပါတယ်။
အထူးသဖြင့် လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ရင်သားလှုပ်ရှားမှုနည်းစေမယ့် အတွင်းခံမျိုးရွေးဝတ်သင့်ပါတယ်။

 

(၃) ဟော်မုန်းပြောင်းလဲခြင်း

 

သွေးဆုံးချိန်တွင် အမျိုးသမီးဟော်မုန်း အီစထရိုဂျင်နည်းပါးသွားကာ ရင်သားတစ်ရှူးတွေမှာ ကော်လာဂျင်လျော့နည်းသွားပါတယ်။

 

သက်ဆိုင်ရာအားဆေးများ အသုံးပြုခြင်းဖြင့် ရင်သားပုံစံ ပုံမှန်ဖြစ်စေပါတယ်။

 

(၄) ကိုယ်အလေးချိန်

 

ကိုယ်အလေးချိန်ကျသွားတဲ့အခါ ရင်သားမှာရှိတဲ့အဆီဆဲလ်များ ရှုံ့သွားကြပါတယ်။

 

ရင်သားရဲ့ အရေပြား၊ အရွတ်များနဲ့ အခြားအစိတ်အပိုင်းများက ရင်သားကိုအချိန်အတော်ကြာထောက်ပံ့ပေးထားကာ ပိန်သွားတဲ့အချိန်မှာ ဆက်လက်ထောက်ပံ့နိုင်ဖို့ ကျုံ့ပေးဆန့်ပေးနိုင်ပါတယ်။

 

(၅) နို့ချိုတိုက်ကျွေးခြင်း

 

ကလေးငယ်က နို့စို့တဲ့အခါ ရင်သားအရွယ်အစားပြောင်းလဲလာတာကို သတိပြုမိမှာပါ။

 

နို့တိုက်ကာလကျော်ပြီး နို့ရည်ထုတ်လုပ်တဲ့ လုပ်ဆောင်ချက်များပုံမှန်ပြန်ဖြစ်တဲ့အခါ ရင်သားအရွယ်အစားပုံမှန်ပြန်ဖြစ်လာပါတယ်။

 

(၆) ကိုယ်ဟန်အနေအထား

 

အမြဲတမ်း ပျင်းတိပျင်းရွဲနေလျှင် ကမ္ဘာမြေဆွဲအားကြောင့် ရင်သားလျော့ကျစေပါတယ်။

 

(၇) ခွဲစိတ်ခြင်း

 

ရင်သားကြီးမားတောင့်တင်းလာအောင် ထည့်သွင်းခွဲစိတ်မှုများ ပြုလုပ်နိုင်ပါတယ်။

 

ကလေးမွေးပြီးတဲ့အချိန်၊ ရင်သားဖယ်ရှားခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ပုံသဏ္ဍာန်ညီခြင်း တို့အတွက် ခွဲစိတ်ကြလေ့ရှိပါတယ်။

 

ခွဲစိတ်ပြီး ရောင်ရမ်းခြင်းနဲ့ အမာရွတ်ပျောက်သွားပြီး ၆ လ ၁ နှစ်ကြာတဲ့အချိန်မှ ခွဲစိတ်မှုအကျိုးရလာဒ်က သိသာလာပါတယ်။

 

Source: The Sun
#Yangon_Media_Group