#World_Health
Published 3 October 2022

 

ဓမ္မတာလာစဉ်မှာ အမျိုးသမီးများ မသက်မသာခံစားကြရပြီး အိပ်ရာထဲပဲ လှဲချင်လောက်အောင် နာကျင်မှုခံစားရပါတယ်။

 

အချို့သောအစားအသောက်များက ဓမ္မတာခံစားရမှုကို သက်သာအောင် ပြုလုပ်ပေးနိုင်ပါတယ်။

 

(၁) အသီးအနှံနှင့်ဟင်းသီးဟင်းရွက်

 

ဓမ္မတာလာစဉ် အစာအိမ်က မသက်မသာခံစားရပြီး အစာချေတဲ့နေရာမှာ ပြဿနာရှိတယ်လို့ ပြောလို့ရပါတယ်။

 

ဒါကိုသက်သာစေဖို့အတွက် အသီးအနှံပိုစားသုံးသင့်ပါတယ်။

 

ဒါ့အပြင် ဟင်းသီးဟင်းရွက်တွေက ဗိုက်တာမင်-ဘီ၊ သံဓာတ်၊ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အစာမကြေခြင်းကို သက်သာစေပါတယ်။

 

သံဓာတ်ပါဝင်တဲ့အတွက် ညောင်းညာနုံးချည့်ခြင်း လျော့နည်းစေပါတယ်။

 

(၂) ငါးနှင့် ပဲအမျိုးမျိုး

 

ငါးတွေက အိုမီဂါ ၃ ဖက်တီးအက်ဆစ် ကြွယ်ဝပါတယ်။

 

ဓမ္မတာကာလအတွင်း အဆီဓာတ်ပါတဲ့ငါးများ စားသုံးခြင်းက နာကျင်မှုကို သက်သာစေပါတယ်။

 

ပဲအမျိုးမျိုးကိုတော့ အသားအစား စားသုံးနိုင်ပါတယ်။

 

ဓမ္မတာချိန်အတွင်း သံဓာတ်ချို့တဲ့ခြင်းကိုလည်း ဖြည့်စွမ်းပေးနိုင်ပါတယ်။

 

(၃) ဗာဒံစေ့နှင့် ကောက်ပဲသီးနှံထွက်ကုန်များ

 

ဗာဒံစေ့တွေက မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ ပရိုတိန်းတွေဖြစ်ပါတယ်။

 

ဒါကြောင့် နုံးချည့်နွမ်းနယ်ခြင်းကို ကူညီပေးပါတယ်။

 

ဒါ့အပြင် ကြွက်သားပြေလျော့စေကာ စိတ်အခြေအနေကောင်းမွန်စေပါတယ်။

 

ဂျုံထွက်ကုန်တွေက အမျှင်ဓာတ်ကြွယ်ဝပြီး အစာကြေစေပါတယ်။

 

ဗိုက်တာမင်တွေနဲ့ သတ္တုဓာတ်တွေက စွမ်းအင်ရရှိစေပါတယ်။

 

ရေများများသောက်ဖို့ကို မမေ့လျော့သင့်သလို ကိုယ်လက်လှုပ်ရှားလမ်းလျှောက်ခြင်းလည်း လုပ်သင့်ပါတယ်။

 

Source: Soo Healthy
#Yangon_Media_Group