Published -21 August 2022

တရုတ်နိုင်ငံက ပထမဆုံး ကိုယ်ပိုင်တီထွင်ပြုလုပ်ထားတဲ့  ရှားပါးမြေသတ္တု rare earth ဖြင့်ပြုလုပ်တဲ့ အမြဲတမ်းသံလိုက် ပျံကြွနည်းပညာလို့ခေါ်တဲ့ PML နည်းပညာသုံး လေရထား လိုင်းကို စတင်စမ်းသပ်အသုံးပြုနေပြီဖြစ်ပါတယ်။

သက်တန့်ရောင်ဒီဇိုင်းနှင့် အဲဒီ ဆင်းဂေါမက်လက်ပ် လိုင်းဟာ  တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းစီပြည်နယ် ဆင်းဂေါခရိုင်မှာ တည်ဆောက်ထားတာဖြစ်ပြီး ၈၀၀ မီတာ ရှည်လျားပါတယ်။

ဒါဟာ တရုတ်နိုင်ငံမှာ PML နည်းပညာကို ပထမဆုံးအနေဖြေင့် လေရထားလမ်းမှာ အသုံးပြုတာဖြစ်ပါတယ်။ ယခင် သုံးနေတဲ့ EMS လို့ခေါ်တဲ့ အီလက်ထရစ် မဂ္ဂနက်တစ် suspension နှင့် EDS အီလက်ထရိုဒိုင်းနမစ် suspension နည်းပညာ ပြီးရင် နည်းပညာအသစ်တစ်ခုဖြစ်ပါတယ်။ ဒီနည်းပညာအသစ်အရ ရထားဟာ သံလမ်းနှင့် ထိတွေ့မှုမရှိဘဲ လေထဲမှာ ပေါလောမျောရွေ့လျားစေတာပါ။

“ ဒီနည်းပညာမှာ အထင်ရှားဆုံးက  လျှပ်စစ်ဓာတ်အားမသုံးတဲ့ အမြဲတမ်းသံလိုက်လမ်းဖြစ်ပြီး  လက်ရှိ စနစ်တွေနှင့် နှိုင်းယှဉ်ရင် အနည်းဆုံးတော့ suspension power (ဆပ်ဆပန်းရှင်း ပါဝါ) ကို ၃၀ ရာခိုင်နှုန်းအနည်းဆုံး ချွေတာနိုင်ပါတယ်လို့ ယခုသရုပ်ပြတဲ့ လိုင်းရဲ့ ကျွမ်းကျင်သူပညာရှင်ချုပ် ယန်ဘင်း ကပြောပါတယ်။

ဒီစမ်းသပ်ရထားလမ်းဟာ ကျန်းစီနည်းပညာတက္ကသိုလ်၊တရုတ်လျူယွမ်ရထားအုပ်စု၊ တရုတ်ရထားနည်းပညာမြင့်စက်မှုကကုမ္ပဏီနှင့် တရုတ် အမျိုးသား ရှားပါးမြေသတ္တုတီထွင်ရေးစင်တာတို့ ပူးပေါင်းဖန်တီး တာဖြစ်ပါတယ်။ လေရထားတွေဟာ ဒီနည်းပညာအရ  အမြန်နှုန်းနိမ့်နှင့် အမြန်နှုန်းအသင့်အတင့် ဖြင့် သွားနိုင်ပါတယ်။

တစ်နာရီကို ၈၀ကီလိုမီတာနှုန်း အမြင့်ဆုံးအမြန်နှုန်းသွားနိုင်အောင် ဒီဇိုင်းလုပ်ထားတဲ့ ဒီရထားဟာ လူ ၈၈ဦးစီးနင်းလိုက်ပါနိုင်ပြီး ယခု ရထားနှစ်တွဲဖြင့် စမ်းသပ်ပြေးဆွဲနေပါတယ်။ ရထားမောင်းနှင်မှုကို ဘေဒေါင်း နေရာပြ ဂြိဟ်တုစနစ်နှင့် ချိတ်ဆက်ထားပြီး  5G နှင့် အသိဉာဏ်ရှိအာရုံခံနည်းပညာတွေကိုပါ အသုံးပြုထားပါတယ်။

အဲဒီစမ်းသပ်တဲ့နေ့က ဒီရထားပုံစံအသစ်ကို စမ်းသပ်စီးနင်းလိုက်ပါလိုသူတွေ များခဲ့ပါတယ်။

“ သိပ်ပျော်မိပါတယ်။ နှစ်ပေါင်း ၇၀ကျော်ပြီ ဘဝမှာ ဒီလိုမျိုး မမြင်ဖူးသေးဘူး။ ရထားတွဲထဲက လေအေးပေးစက်နှင့် အဆင်အပြင်တွေ တော်တော်ကောင်းတယ်။ နေရာလည်းကျယ်ကျယ်ဝန်းဝန်းရှိတယ်။ ဒါဟာ တရုတ်ပြည်မှာလုပ်တပါ” လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ရှောင်ဝန်ဖန်းက ပြောပါတယ်။

Source- CCTV Plus

#Air_Train_China

#Rare_earth_permanent_magnetic_levitation

#World”s_first_Air_train