Published: 31 July 2022

ယူကျု YouTube က နာမည်ကျော် မစ္စတာဘိစ် MrBeast ဟာ ဇူလိုင် ၂၈ ရက်က စာရင်းသွင်းကြည့်ရှုသူ (subscribers) ပေါင်း သန်း ၁၀၀ အထိရရှိတဲ့ ဒုတိယမြောက် တစ်သီးပုဂ္ဂလက  ဖန်တီးသူတစ်ဦးဖြစ်လာခဲ့ပါတယ်။

အမည်ရင်း ဂျင်မီ ဒေါ်နယ်ဆန်ဖြစ်တဲ့ ယူကျုအမည် မစ္စဘာ ဘိစ်ဟာ သူ့ကိုအားပေးတဲ့ပရိဿတ်ကို ကျေးဇူးတင်ကြောင်း ယူကျုမှာ streaming ထုတ်လွှင့်ပြသပြီး တုန့်ပြန်ခဲ့ပါတယ်။

“ ဒီဗွီဒီယိုတွေကို ကြည့်ရှုကြသူ ခင်ဗျားတို့ တစ်ဦးချင်းစီကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဒါဟာ ကျွန်တာ့်ဘဝမှာ  ကျွန်တော် လုပ်ခဲ့သမျှ အားလုံးပါပဲ” လို့ သူကပြောပါတယ်။ “ ကျွန်တော်လုပ်သမျှအားလုံးက မနက်အိပ်ရာထတယ်။ ပြီးတော့ အကောင်းဆုံးဗွီဒီယိုကို ဘယ်လိုလုပ်မလဲဆိုတာကို စွဲစွဲလန်းလန်းလုပ်တယ်။ ဒါဟာ ကျွန်တော် ဂရုတစ်စိုက်လုပ်တာ အားလုံးပဲ။ဒါဟာ ကျွန်တော့်ကို ပျော်ရွှင်အောင်လုပ်ပေးတဲ့ တစ်ခုတည်းသော အရာဖြစ်တယ်” လို့ သူက ဖြည့်စွက် ပြောပါတယ်။

ဒေါ်နယ်ဆန်ရဲ့ ချယ်နယ်လ်ဟာ ကမ္ဘာပေါ်မှာ စတုတ္ထမြောက် subscribe အလုပ်ဆုံး ချယ်နယ်လ်ဖြစ်ပါတယ်၊ ယူကျု ပလက်ဖောင်းပေါ်မှာ သူဟ လူကြည့်အများဆုံးနှင့် ဝင်ငွေအများဆုံး ဖန်တီးသူလည်းဖြစ်နေပါတယ်။  သူ့အရင် သန်း၁၀၀ subscribers ရရှိခဲ့တဲ့ တစ်သီးပုဂ္ဂလကကတော့ ဂိမ်း influencer ပီဒိုင်းဒိုင်း PewDiePie ဖြစ်ပါတယ်။ သူ့နာမည်ရင်းက ဖဲလစ် ကေဂျဲလ်ဘတ်ဖြစ်ပြီး ယခုအထိ သူဟာ ဖော်လိုဝါ ၁၁၁သန်းရရှိထားပါတယ်။

သူ့ချယ်နယ်မှာ တင်ချင်တဲ့ စိတ်ကူးအကြောင်းအရာတွေ အများကြီးရှိနေသေးတယ်လို့ ဒေါ်နယ်ဆန်က ပြောပါတယ်။  သူဟာ ယူကျုပေါ်မှာပဲ သူ့ရဲ့ အသက်မွေးဝမ်းကျောင်းကို နှစ်ပေါင်း ၂၀ကနေ ၃၀ အထိတည်ဆောက်သွားမယ်လို့လည်း သူက ဆိုပါတယ်။

“ ဒါဟာ အစပိုင်းမျှပဲရှိသေးတယ်လို့ ကျွန်တော်ခံစားရပါတယ်။ ဒီလိုပြောလိုက်လို့ ကျွန်တော် စိတ်ကြီးဝင်နေတာမဟုတ်ပါဘူး၊ တကယ့်ကို အစလောက်ပဲရှိသေးတယ်လို့ ခံစားရတာပါ။ ကျွန်တော့်အနေနှင့် တီထွင်ဖန်တီးမှုတွေ အများကြီးပေးဖို့ ရှိသေးတယ်” လို့ သူက stream ထဲမှာပြောပါတယ်။

သူဟာ  စေတနာထက်သန်လှတဲ့ သူ့ဗွီဒီယိုတွေကြောင့် သူ့ပရိသတ်တွေကြား ကောင်းသတင်းမွှေးပျံနေပါတယ်။ သူဟာ မကြာခဏဆိုသလို သူရတဲ့ပိုက်ဆံ ပမာဏာတော်တော်များများကို ကြည့်ရှုသူတွေထံ ပြန်ပေးလေ့ရှိပါတယ်၊ သူဟာ Twitch မှာ ဗွီဒီယို  stream တင်သူအသေးကလေးတွေနှင့် ယူကျုသမားတွေကို  ဒေါ်လာထောင်ပေါင်းများစွာ ပြန်လှူခဲ့တဲ့အတွက် ၂၀၁၈ မှာသူ နာမည်ရလာပါတယ်။ သိပ်မကြာသေးခင်ကပဲ သူဟာ ပရိဿတ်တွေကို ပြိုင်ပွဲကလေးတစ်ခုလုပ်ခဲ့ပါတယ်။  အဲဒီပွဲမှာ ပရိဿတ်တွေဟာ ကိုယ်ပိုင်ဗွီဒီယိုကလေးတွေနှင့် ဆုကြီးတွေရဖို့ ဝင်ပြိုင်ခဲ့ကြပါတယ်။

၂၀၂၁ခုနှစ်မှာ သူဟာ နက်ဖလစ်ရဲ့ စကွစ်ဂိမ်းပြိုင်ပွဲတစ်ခုပြုလုပ်ခဲ့ပြီး အားပေးသူ ၄၅၆ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အဲဒီအပြင် ဝီလီဝန်ကာရဲ့ ချောကလက်စက်ရုံ ခံစားပြီး ပြုလုပ်တဲ့ ပြိုင်ပွဲတစ်ခုမှာ ပရိသတ်တစ်ဦးကို ဒေါ်လာ ငါးသိန်း ချီးမြှင့်ခဲ့ပါတယ်။

 သူဟာ Beast Philanthropy လို့ခေါ်တဲ့ လူသားချင်းအကူအညီပေးရေးကုမ္ပဏီတစ်ခုကို ၂၀၂၀မှာ တည်ထောင်ထားပါတယ်။ အဲဒီကုမ္ပဏီ က ဆင်းရဲမွဲတေနေသူတွေကို အကူအညီတွေပေးပါတယ်။ ပြီးတော့ ဘာဂါဆိုင်တွဲတွေနှင့် ချောကလက်ထုတ်ကုန် တွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။

Source: Insider

#YouTube_Star-_MrBeast

#MrBeast

#Jimmy Donalds