Published 21 July 2022

အင်ဒိုနီးရှားနိုင်ငံ ကျွန်းတစ်ကျွန်းအနီးမှာ ရာသီဥတုဆိုးရွားလို့ ဖယ်ရီသင်္ဘောတစ်စီး နစ်မြုပ်ရာ ယခုအထိ အနည်းဆုံး အလောင်း (၉)လောင်း ဆယ်ယူရရှိခဲ့တယ်လို့ ကယ်ဆယ်ရေးအရာရှိတွေက ဇူလိုင်၂၁ရက် ကြာသပတေးနေ့က ပြောပါတယ်။

ကေအမ် ကာဟာရာ အာရာဖါ သင်္ဘောဟာ အင်ဒိုနီးရှားနိုင်ငံ တာနိတ်ကျွန်း ရေပြင်မှာ တနင်္လာနေ့ ညနေပိုင်းက နစ်မြုပ်ခဲ့ပြီး ပျောက်ဆုံးခဲ့တဲ့ လူ၁၃ ဦးကို ကယ်ဆယ်ရှာဖွေရေးတွေလုပ်ခဲ့ကြပါတယ်။

သင်္ဘောဟာ ခရီးသည် ၇၇ ဦးတင်ဆောင်ပြီး အနီးက ဟာမာဟီရာ ကျွန်းကို ခုတ်မောင်းခဲ့တာဖြစ်ပါတယ်။ သင်္ဘောနစ်မြုပ်ပြီးနောက် လူ ၆၄ ဦးကို အနီးနားရွာတစ်ရွာကို ကယ်ဆယ်ပေးနိုင်ခဲ့ပါတယ်။

ကျေးရွာသားတွေဟာ သူတို့ လှေတွေကိုလှော်ခတ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို အာဏာပိုင်တွေနှင့် အတူပူးပေါင်းကူညီ လုပ်ဆောင်ပေးခဲ့ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာကျွန်းပေါင်း တစ်သောင်း ခုနှစ်ထောင်ခန့်ရှိပြီး ရေကြောင်းသွားလာမတော်တဆမှုတွေဟာ ပုံမှန်ဖြစ်နေကျပါ။ ဘေးအန္တရာယ်ကင်းရှင်းရေးစံသတ်မှတ်ချက်တွေ အားနည်းပေမယ့် လူတွေဟာ ခရီးသွားဖို့ လှေနှင့်သင်္ဘာတွေပဲ အားပြုနေကြရတာဖြစ်ပါတယ်။

မေလတုန်းကလည်း ခရီးသည် ၈၀၀ကျော်တင်လာတဲ့ ခရီးသည်တင်သင်္ဘောတစ်စီး  အရှေနူဆာ တင်ဂါရာ ပြည်နယ်က ရေတိမ်တစ်ခုမှာ နစ်မြပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် တစ်ဦးတစ်ယောက်မျှ သေဆုံးဒဏ်ရာရမှုမရှိခဲ့ပါဘူး။

၂၀၁၈ခုနှစ်တုန်းကတော့ ကမ္ဘာ့ အနက်ဆုံးရေကန်တွေထဲမှာ တစ်ခုပါဝင်တဲ့ ဆူမတ်တြာကျွန်းက ရေကန်တစ်ကန်မှာ ခရီးသည် သင်္ဘောနစ်မြုပ်ပြီး လူ ၁၅၀ကျော်ရေနစ်သေဆုံးခဲ့ကြရပါတယ်။

#Source_AFP