Published 24 April 2022

တရုတ်နိုင်ငံက ရထားနှစ်စီးကို စမ်းသပ်မောင်းနှင်ပြပြီး ကမ္ဘာ့အမြန်ဆုံးရထား စံချိန်သစ်ထပ်ချိုးလိုက်ပါတယ်။ တရုတ်နိုင်ငံအလယ်ပိုင်း  ဟင်နန်းပြည်နယ်မှာ  မတူတဲ့ရထားလမ်းနှစ်ခုမှာ ရထားနှစ်စီးမောင်းနှင်စမ်းသပ်ခဲ့တာဖြစ်တယ်လို့ တရုတ်နိုင်ငံတော်ရထားအုပ်စုကုမ္ပဏီလိမိတက်က ပြောပါတယ်။

ရထားနှစ်စီးဟာ ဟင်နန်ပြည်နယ် ရွှန်းရှင်းခရိုင်ထဲက လဟာပြင်ရထာလိုင်းပိုင်းမှာ ကြာသပတေးန့ မွန်းလွဲ ၁၂နာရီ ၅၃ မိနစ်မှာ တစ်စီးနှင့် တစ်စီးဖြတ်သန်းကြပါတယ်။အဲဒီအချိန်မှာ ရထားတစ်စီးစီဟာ အမြန်နှုန်း တစ်နာရီကို ၄၃၅ကီလိုမီတာ နှင့် ပြေးလွှားခဲ့တာကို ရထားမှာတပ်ဆင်ထားတဲ့ အမြန်နှုန်းပြကိရိယာအရသိရပါတယ်။ တစ်စီးနှင့်တစ်စီးဖြတ်သန်းချိန်ဟာ ၀.၈၆ စက္ကန့်သာ ကြာညောင်းခဲ့ပါတယ်။

ယခုအမြန်နှုန်းဟာ ဧပြီ၁၂ရက်မှာ တရုတ်နိုင်ငံကပဲ စ့ချိန်တင်ထားတဲ့ တစ်နာရီ ၄၀၃ ကီလိုမီတာ အမြန်နှုန်းကို ကျော်လွန် စံချိန်ချိုးခဲ့တာဖြစ်ပါတယ်။ ဟင်နန်းပြည်နယ် ကျိုင်းကျိုးမြို့နှင့် အနောက်တောင်ပိုင်း ချုံချိုင်းမြူနီစပါယ်ဒေသတွေကနေ မောင်းနှင်ခဲ့ကြပါတယ်။

“ တရုတ်က လွတ်လပ်စွာ တီထွင်ထားတဲ့ နည်းပညာသစ်(၉)ခုကို  ဒီရထားတွေနှင့် စမ်းသပ်မောင်းနှင်ရာမှာ အသုံးပြုခဲ့ပါတယ်။ သူတို့ရဲ့ စမ်းသပ်မှုအတွင်း အလုံးစုံစွမ်းရည်ဟာ ကမ္ဘာ့ဦးဆောင်အဆင့်ကို ရောက်ရှိပါတယ်။ တရုတ်နိုင်ငံမှာ နည်းပညာကွာဟမှုတော်တော်များများကို ဖြည့်ဆည်းပေးနိုင်ပါတယ်” လို့ တရုတ်နိုင်ငံ ရထားသိပ္ပံအကယ်ဒမီရဲ့ ဒုတိယဥက္ကဋ္ဌချိုင်းကျုံးက ပြောပါတယ်။

Source CMG

#World_Record_China_Train_Speed

#China_State_Railway_Group_Set_World_Record

#China_Train_Technology