၂၄ မေ ၂၀၂၄

အိန္ဒိယနိုင်ငံရဲ့ နက္ခတ်ဗေဒင်ပညာရှင် ကူရှဲလ်ကူမားက ရက်သတ္တပတ်အနည်းငယ်မှာ တတိယကမ္ဘာစစ်ဖြစ်လာနိုင်တယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

သူကသူ့ရဲ့ဟောကိန်းကို Medium မှာ ပို့စ်တင်ခဲ့တဲ့အပြင် LinkedIn မှာလည်းထပ်မံမျှဝေခဲ့ပါတယ်။ သူဟာ ဗီဒစ် နက္ခတ်ဗေဒပညာရှင်တစ်ဦးဖြစ်ကြောင်းနှင့် အနာဂတ်ဖြစ်ရပ်တွေကို ဂြိုဟ်သွားဂြိုလ်လာတွေကို တွက်ချက်ပြီး ခန့်မှန်းဟောကိန်းထုတ်သူဖြစ်တယ်လို့  LinkedIn မှာ သူ့ရဲ့ ကိုယ်ရေးအကျဉ်းကိုတင်ထားပါတယ်။

“ ၂၀၂၄ခုနှစ်ဟာ တစ်ကမ္ဘာလုံးက အရေးကြီးနေရာတွေမှာ စစ်ပွဲအခြေအနေတွေနှင့်ဆက်နွယ်ပြီး အကြီးအကျယ်သောက ဖြစ်ရမယ့်နှစ်ဖြစ်တယ်။အထူးသဖြင့် မေလ ၈ရက်နေ့ ဝန်းကျင်မှာဖြစ်တယ်။ ကိုရီးယားနိုင်ငံတွေ၊ တရုတ်-တိုင်ဝမ်၊ အစ္စရေး နှင့် ပတ်သက်တဲ့ အရှေ့အလယ်ပိုင်းနှင့်အခြားအရှေ့အလယ်ပိုင်နေရာတွေ ပြီးတော့ ယူကရိန်း-ရုရှား။ နေတိုးရဲ့ဒေါသတွေဟာ အပြင်းထန်ဆုံးဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းတယ်” လို့သူကပြောပါတယ်။

“အချို့နိုင်ငံတွေမှာ အစိုးရတွေဟာ ပေါ်ပေါက်လာတဲ့ အကြီးအကျယ်သောကရောက်စရာတွေကို ဖြေရှင်းဖို့ ခက်ခဲလာ နိုင်တယ်။ အချို့ခေါင်းဆောင်များ အကြီးအကျယ်နေမကောင်းဖြစ်ပြီး ရာထူးမှပင်နှုတ်ထွက်နိုင်တယ်။  နိုင်ငံရေး   မြင်ကွင်းတွေ   မှာ ထကြွမှုတွေဟာ မရှောင်လွှဲနိုင်ဖြစ်နိုင်တယ်၊ အတိုချုပ်ပြောရရင် စစ်တပ်ဟာ အလုံးချုပ်ထိန်းချုပ်ဖို့ ဝင်ရောက်လာလိမ့်  မယ်ဆိုပြီး ဂြိုဟ်တွေရဲ့သွားလာမှုကညွှန့်ပြနေတယ်” လို့ သူကဆက်လက်ဟောကိန်းထုတ်ပါတယ်။

အဲဒီနောက်သူဟာ ကမ္ဘာစစ်ကြီးတစ်ခုဖြစ်လာနိုင်မယ်လို့သူထင်ထားတဲ့ ရက်ကို ပြောပါတယ်။

“၂၀၂၄ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှာ ဂြိုဟ်တွေရဲလှုံ့ဆော်မှုဟာ အပြင်းထန်ဆုံးဖြစ်လာလိမ့်မယ်။ အဲဒါကြောင့် တတိယကမ္ဘာစစ် ဖြစ်လာနိုင်တယ်။ ဒါပေမယ့် ဇန် ၁၀ ရက်နှင့် ၁၉ ရက်တွေကိုလည်း သတိထားရမယ်” လို့ သူကသူ့ဆောင်းပါးမှာရေးပါတယ်။

ယခုလိုဟောကိန်းထုတ်တာဟာ အရေးပေါ်ဖြစ်လာရင်အဆင်သင့်ဖြစ်အောင် ရိက္ခာ ဆေးဝါးတွေ စုဆောင်းသိုလှောင်ထားကြဖို့ ဗြိတိန်အစိုးရအရာရှိကြီးတွေက သူ့နိုင်ငံသားတွေကို တိုက်တွန်းထားပြီး သိပ်မကြာခင် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

Source: NDTV