၂၃ မေ ၂၀၂၄

နီကိုလ်း ရှာနာဟန်သည် ၂၀၂၁ခုနှစ်က သီးသန့်ပါတီပွဲတစ်ခုတွင် အီလွန်မတ်စ်နှင့်အတူ ကက်တမင်း အတူတူ သုံးစွဲခဲ့ပြီး Tesla စီအီးအိုမတ်စ်တ်နှင့် လိင်ဆက်ဆံခဲ့တယ်လို့  ထိုစဉ်က သူမရဲ့ခင်ပွန်းဖြစ်သူ Google တည် ထောင်သူ ဆာဂေးဘရင်းကို သူမကိုယ်တိုင်ပြောခဲ့တယ်လို့ သတင်းအရင်းအမြစ်များစွာကို ကိုးကားပြီး နယူး ယောက်တိုင်းမ်သတင်းစာကြီးက ဖွင့်ချရေးသားလိုက်ပါတယ်။

မေ၂၂ရက် ဗုဒ္ဓဟူးနေ့ထုတ် နယူးယောက်တိုင်းမ်သတင်းစာကြီးမှာပါဝင်တဲ့ အဆိုပါဆောင်းပါးက ၂၀၂၄ သမ္မတ ရွေးကောက်ပွဲအတွက် ရောဘတ်အက်ဖ်ကနေဒီရဲ့ ဒုသမ္မတလောင်းအဖြစ်ဝင်ပြိုင်မယ့် ရှာနာဟန် အကြောင်းဖွင့်ချထားတာဖြစ်ပါတယ်။

အဆိုပါသတင်းစာကြီးရဲ့ဆောင်းပါးမှာ နီကိုးလ်ရှာနာဟန်နှင့် သူမနှင့် ၂၀၁၈မှာ လက်ထပ်ခဲ့  ပြီး ၂၀၂၃မေလ    မှာ ကွာရှင်းခဲ့တဲ့ ခင်ပွန်းဟောင်း ဘရင်တို့ရဲ့ ဆက်ဆံရေး အသေးစိတ်ကို ရေးသားထားပါတယ်။ အဲဒီဆောင်းပါးမှာ ရှာနာဟန်ရော မတ်စ်ကပါ နှစ်ဦးစလုံးငြင်းဆိုထားတဲ့ ၂၀၂၁ခုနှစ်မှာ သူမနှင့်မတ်စ်တို့ အချစ်ဇာတ်လမ်းခင်းခဲ့ကြတယ်လို့ အတိတ်မှာ စွပ်စွဲထားတာတွေပေါ် နောက်တစ်မျိုးပုံဖော်ထားတာတွေ ပါဝင်ပါတယ်။

ဘရင်နှင့်လက်ထပ်တားတဲ့ အချိန်တွေမှာ ရှာနာဟန်ဟာ ဆီလီကွန်တောင်ကြားက အထက်တန်းလွှာတွေနှင့် အတူပါတီပွဲတွေတက်ခဲ့ပြီး  ကက်တမင်းနှင့်ကိုကင်းတွေကို သုံးစွဲပြီး အပန်းဖြေခဲ့ကြတယ်လို့ သတင်းအရင်း အမြစ်(၈)ခုနှင့် စာရွက်စာတမ်းအထောက်အထားတွေကို ကိုးကားပြီး သတင်းစာကြီးက ရေးသားပါတယ်။

ကိုဗစ်-၁၉ကပ်ရောဂါနှင့် အော်တစ်ဇင်ဖြစ်နေတဲ့ သမီးကလေးကို ကုသပေးနေရတဲ့ စိတ်ဖိအားတွေကြောင့် ရှန်နာဟန်ဟာ အပြင်ကို စထွက်ပြီး ပွဲလမ်းတွေကိုလည်း ခင်ပွန်း ဘင်မပါဘဲ တစ်ယောက်တည်းစပြီး တက်ရောက်လာခဲ့တာဖြစ်ပါတယ်။

“ ၂၀၂၁ခုနှစ်စောစောပိုင်းမှာကျင်းပတဲ့ မီယာမီက ပါတီပွဲတစ်ပွဲမှာ ရှန်နာဟန်ဟာ မူးယစ်ဆေးတွေကြောင့် အမူးလွန်ပြီး နောက်ဆုံးမှာ အကြောဆေးတွေသွင်းပြီးကုသခဲ့ရတယ်လို့ သတင်းစာကရေးပါတယ်။

ရှာနာဟန်နှင့်မတ်စ်တို့ဟာ ၂၀၂၁ ခုနှစ်ဒီဇင်ဘာလမှာ မီယာမီက သီးသန့်ပါတီပွဲအတွင်း အချစ်ဇာတ်လမ်းစ ခဲ့ကြတယ်လို့ သတင်းအရင်းအမြစ်သုံးခုက နယူးယောက်တိုင်းမ်ကိုပြောပါတယ်။  သူတို့နှစ်ဦးစလုံးဟာ ကက်တမင်းအတူသုံးခဲ့ကြပြီး နာရီများစွာ လူမြင်ကွင်းထဲက နှစ်ယောက်စလုံးပျောက်သွားခဲ့ကြတယ်လို့ သတင်းစာကရေးပါတယ်။

၂၀၂၄မတ်လမှာ မတ်ခ်က သူဟာ တစ်ပတ်တစ်ကြိမ် ကက်တမင်းကို ဆရာဝန်ညွှန်ကြားချက်အရ ပမာဏအနည်းငယ် သုံးစွဲခဲ့တယ်လို့ ပြောခဲ့ပါတယ်။

သူမဟာ မတ်စ်နှင့် လိင်ဆက်ဆံခဲ့တယ်လို့ ရှန်နာဟန်က သူ့ခင်ပွန်း ဘရင်ကိုပြောခဲ့ပါတယ်လို့ လူ(၃)ဦးက သတင်းစာကိုပြောပါတယ်။သူမဟာ အဲဒီအသေးစိတ်ကို သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနှင့် အကြံပေးတွေ ကိုလည်း ပြောခဲ့တယ်လို့ သတင်းစာက ရေးသားပါတယ်။  ဘရင်ဟာ နောက်တစ်လအကြာ ၂၀၂၂ ဇန်န  ဝါရီမှာ ရှာနာဟန်ကို ကွာရှင်းဖို့ လျှောက်ထားခဲ့ပါတယ်။ ပြန်လည်ပေါင်းစည်းလို့မရတဲ့ ကွာခြားချက်တွေ ကြောင့်လို့ဆိုပါတယ်။

ရှာနာဟန်၊မတ်နှင့် ဘရင်တို့ကို Business Insider မီဒီယာက မှတ်ချက်တောင်းခဲ့ပေမယ့် ချက်ခြင်း တုန့်ပြန်မှုမရခဲ့ပါဘူး။

ရှန်နာဟန်နှင့်မတ်ခ်တို့ရဲ့ စွပ်စွဲခံထားရတဲ့ အချစ်ဇာတ်လမ်းကြောင့် မတ်ခ်နှင့် ဘရင်တို့အကြားမှာ အကွဲအပြဲ ဖြစ်ခဲ့တရယ်လို့ ဝေါစထရိဂျာနယ်က ၂၀၂၂ ဇူလိုင်မှာ သတင်းရေးသားခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ယခင်က အလွန်နီးကပ်ချစ်ခင်ကြတဲ့ သူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်။

ဝေါစထရိဂျာနယ်ရဲ့သတင်းကို မတ်ချ်က ငြင်းဆိုလိုက်ပြီး ဒီသတင်းဟာ ကလိမ်ကလည်သတင်းတစ်ခု ဖြစ်တယ်လို့ သူက သူ့မီဒီယာ “အိတ်စ်”မှာ ပို့တင်ရေးသားခဲ့ပါတယ်။ထိုစဉ်က မတ်ဟာ သားသမီး(၃)ဦး ထွန်းကားခဲ့တဲ့ ဇနီးသည် အဆိုတော် ဂရင်းမ်စ်နှင့် ဆက်ဆံရေးအဆုံးသတ်ထားတာဖြစ်ပါတယ်။

“ ဆာဂေးနှင့် ကျွန်တော်တို့ဟာ သူငယ်ချင်းတွေဖြစ်ပြီး မနေ့ညကတောင် ပါတီတစ်ခုမှာ အတူရှိခဲ့သေးတယ်။ နီကိုးလ်ကို ကျွန်တော် သုံးနှစ်အတွင်း နှစ်ကြိမ်သာ တွေ့ဖူးတယ်။နှစ်ကြိမ်စလုံးမှာလည်း အနားမှာ လူတွေ အများကြီးရှိနေကြတယ်။ ဘာအချစ်ဇာတ်လမ်းမှမရှိဘူး” လို့ မတ်စ်က ရေးသားခဲ့ပါတယ်။

မတ်ခ်က ဘရင်နှင့်သူတို့ရဲ့ပုံကို တင်ခဲ့ပါသေးတယ်။ အဲဒီပုံဟာ ပို့စ်မတင်ခင် ပြီးခဲ့တဲ့ရက်က ပါတီတစ်ခုမှာ ရိုက်ခဲ့တာလို့ မတ်စ်ကပြောပါတယ်။ ( သူ့ဓာတ်ပုံဆရာ ဝေါ်တာ အိုက်ဆက်ဆွန်က ဘရင်ဟာ ဆဲလ်ဖီဆွဲတာကို ရှောင်လွှဲဖို့ကြိုးစားခဲ့တယ်လို့ နောက်ပိုင်းမှာ ဖွင့်ချပါတယ်)

“ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့သတင်းအရင်းအမြစ်တွေကိုယုံကြည်တယ်။ ကျွန်တော်တို့ သတင်းနှင့် အတူကျွန်တော်တို့ရပ်တည်ထားတယ်” လို့ အဲဒီအချိန်တုန်းက ဝေါစထရိဂျာနယ်က သတင်းထုတ်ပြန်ခဲ့ ပါတယ်။

ရှန်နာဟန်ကလည်း သူတို့နှစ်ယောက်ဇာတ်လမ်းရှုပ်ခဲ့တယ်ဆိုတာကို ငြင်းခဲ့ပါတယ်။ ထင်ရာမြင်ရာ ပြောနေ  တာတွေဟာ အဓိပ္ပါယ်မရှိဘူး လို့ သူမက‌ လူတွေကိုပြောခဲ့ပါတယ်။

နယူးယောက်တိုင်းမ်သတင်းစာက ယခုသတင်းဆောင်းပါးကိုရေးသားဖို့ သူမကိုမေးခွန်းတွေမေးတဲ့အခါ  “ နယူးယောက်တိုင်းမ်က ရှင့်ကိုဒီလိုသတင်းမျိုးရေးခိုင်းတာ အတော်အံ့အားသင့်စရာပဲ” လို့ အဲဒီ သတင်း     ထောက်ကို သူမက ပြန်တုန့်ပြန်ခဲ့ပါတယ်။

Source: Business Insider