Published 17 April 2024

အရက်ကြောင့် မဟုတ်သော အသည်းအဆီဖုံးရောဂါ (NAFLD)က အနောက်နိုင်ငံတွေမှာ အဖြစ်အများဆုံး ရောဂါတွေထဲက တစ်မျိုးဖြစ်ပြီး အသည်းခြောက်ခြင်း၊ အသည်းအစားထိုး ကုသခြင်းတို့ရဲ့ အဓိက အကြောင်းအရင်း ဖြစ်နေပါတယ်။

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံ၊ အဝလွန်ခြင်းတို့ကြောင့် ရောဂါဖြစ်ပွားမှု ပိုမြင့်တက်လာပါတယ်။

NAFLD ရောဂါက အသည်းမှာ အဆီတွေစုပြုံလာကာ ရောင်ရမ်းခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းရောဂါတို့ ဖြစ်လာနိုင်ပါတယ်။

များသောအားဖြင့် အစောပိုင်းမှာ ရောဂါလက္ခဏာ မတွေ့ရတတ်ဘဲ နောက်ပိုင်းအဆင့်ရောက်မှ အသည်းထိခိုက်ပျက်စီးနေတာကို တွေ့ရတတ်ပါတယ်။

အသည်းအဆီဖုံးခြင်း ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းတွေက အဝလွန်ခြင်း၊ ဆီးချို၊ သွေးပေါင်ချိန်တက်ခြင်း၊ သွေးထဲ အဆီများလွန်းခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။

ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ အချိုဓာတ်များသော အစားအစာများကြောင့်လည်း NAFLD ဖြစ်လာစေပါတယ်။

အခြေခံကုသနည်းအနေဖြင့် နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲကာ အချိုစာများလျှော့စားခြင်း၊ ကာဗိုဟိုက်ဒရိတ်များ လျှော့ချခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ အရက်သေစာ ရှောင်ရှားခြင်းတို့ဖြင့် ပြောင်းလဲနိုင်ပါတယ်။

အမေရိကန် FDA မှ အသိအမှတ်ပြုထားတဲ့ ဆေးဝါးများရှိပေမယ့် စားသောက်မှုပုံစံနဲ့ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတို့ပါ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

NAFLD ကုသခြင်းဖြင့် အဆီစစ်ထုတ်ပေးခြင်း၊ အသည်းထိခိုက်မှု လျှော့ချပေးခြင်းတို့ ထောက်ပံ့ပေးပါတယ်။

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကြောင့် အသည်းထိခိုက်ပျက်စီးနိုင်တာမို့ ထိန်းသိမ်းနေထိုင်ရန် အရေးကြီးပါတယ်။

Source: The Jerusalem Post