#World_Health
Published 13 April 2024


ရာသီဥတုအပူချိန် မြင့်တက်လာတာနဲ့အမျှ ခန္ဓာကိုယ်ကို အေးမြစေပြီး ရေဓာတ်ထိန်းပေးနိုင်မယ့် အစားအစာများ စားသုံးပေးဖို့ လိုအပ်ပါတယ်။

 

ချွေးထွက်၊ ဆီးသွားခြင်းတို့ကနေ ရေဓာတ်ပိုမိုဆုံးရှုံးနိုင်တာကြောင့် ရေဓာတ်များတဲ့ အစားအစာများ စားပေးဖို့ လိုအပ်ပါတယ်။

 

(၁) ဖရဲသီးမှာ ၉၀ ရာခိုင်နှုန်းလောက်က ရေဖြင့်ဖွဲ့စည်းထားပြီး အီလက်ထရိုလိုက်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ဗိုက်တာမင်နဲ့ အာဟာရဓာတ်များ ပါဝင်ပါတယ်။

 

(၂) သခွားသီးက ရေဓာတ်များပြီး ကယ်လိုရီနည်းပါးကာ ခန္ဓာကိုယ်မှာ ရေဓာတ်ထိန်းသိမ်းပေးပါတယ်။

 

(၃) ခရမ်းချဉ်သီးတွေက ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝတဲ့အပြင် ရေဓာတ်၊ ဗိုက်တာမင် အေနဲ့စီတို့လည်း ပေါများစွာ ပါဝင်ပါတယ်။

 

(၄) သခွားမွှေးသီးက အရသာရှိသလို အာဟာရဓာတ်များ ကြွယ်ဝကာ ကိုယ်ခံအားမြှင့်ပေးခြင်း၊ အမြင်အာရုံ ကောင်းမွန်စေခြင်းတို့ ပေးစွမ်းနိုင်ပါတယ်။

 

(၅) ဒိန်ချဉ်က ရေဓာတ်ထိန်းသိမ်းပေးသလို အူလမ်းကြောင်း ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

 

(၆) စတော်ဘယ်ရီက ရေဓာတ်များပြားကာ နှလုံးအတွက် ကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ် ထိန်းညှိပေးပါတယ်။

 

(၇) တရုတ်နံနံက ကယ်လိုရီအနည်းဆုံး ပါဝင်ပြီး ရေဓာတ်နဲ့ ဗိုက်တာမင်ကေ၊ ပိုတက်ဆီယမ်တို့ ပါဝင်ပါတယ်။

 

#World_Health #ပူပြင်းသောအချိန် #စားသုံးသင့်သည့်စားစရာများ #Source: NDTV