#World_News
Published 08 April 2024


ဇာပိုရစ်ဇီယာနျူကလီးယား ဓာတ်အားပေးစခန်း ဒရုန်းများဖြင့် တိုက်ခိုက်ခံရပြီး ဘေးကင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှု ဖြစ်ရတဲ့အတွက် ယူကရိန်းမှာ တာဝန်ရှိတယ်လို့ ရုရှားက ဧပြီ ၇ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

 

ပိတ်ထားတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုကို ဖုံးအုပ်ထားတဲ့ အမိုးခုံးကို ဒရုန်းဖြင့် ဖောက်ခွဲခဲ့ခြင်းအပေါ် ရုရှားနျူကလီးယား ဓာတ်အားပေးကော်ပိုရေးရှင်း Rosatom နဲ့ နိုင်ငံတကာ စွမ်းအင်ဆိုင်ရာ အရာရှိများက ယူကရိန်းစစ်တပ်ကို အပြစ်တင်လိုက်ပါတယ်။

 

ဥရောပရဲ့ အကြီးမားဆုံး နျူကလီးယားဓာတ်အားပေး စက်ရုံကြီးဖြစ်တဲ့ ဇာပိုရစ်ဇီယာရှိ ဓာတ်ပေါင်းဖိုတစ်ခုရဲ့ အမိုးခုံးနားမှာ အလိုအလျောက်ကိရိယာပစ္စည်းတစ်ခု ပေါက်ကွဲခဲ့တယ်လို့ နိုင်ငံတကာ နျူကလီးယားစွမ်းအင် အေဂျင်စီက ဖော်ပြလိုက်ပါတယ်။

 

ရုရှားအရာရှိများရဲ့ အဆိုအရ ဓာတ်ပေါင်းဖိုကို ကြီးကြီးမားမား ထိခိုက်မှုမရှိဘဲ ဓာတ်ရောင်ခြည်ပမာဏ ပုံမှန်အတိုင်း ရှိနေပါတယ်။

 

ထိုဖြစ်ရပ်ကြောင့် လူ ၃ ယောက်ဒဏ်ရာရရှိကာ ၁ ဦးက ပြင်းထန်ကြောင်း Rosatom က ဆိုပါတယ်။

 

ယူကရိန်းစစ်တပ်ဟာ အသေခံဖောက်ခွဲဒရုန်းများ အသုံးပြုခဲ့တယ်လို့ ရုရှားအာဏာပိုင်များက စွပ်စွဲလိုက်ပါတယ်။

 

ကုလသမဂ္ဂရဲ့ နျူကလီးယား စောင့်ကြည့်ရေးအေဂျင်စီ အကြီးအကဲ ရာဖေးလ်ဂရော့စီက နျူကလီးယား ဓာတ်အားပေးစက်ရုံ တိုက်ခိုက်မှုကို ရှုတ်ချလိုက်ပါတယ်။

 

နျူကလီးယားစက်ရုံများကို တိုက်ခိုက်ပြီး နိုင်ငံရေးအရ စစ်ရေးအရ အသာရယူတာမျိုး လုံးဝလက်မခံနိုင်ဘူးလို့ ဂရော့စီက ဆိုပါတယ်။

 

#World_News #ဇာပိုရစ်ဇီယာနျူကလီးယားဓာတ်အားပေးစက်ရုံ #ယူကရိန်းကဒရုန်းဖြင့်တိုက်ခိုက် #Source: WION