#World_Health
Published 1 April 2024


ခေါင်းတစ်ခြမ်းကိုက်ခြင်း ဝေဒနာ ခံစားရသူတွေဟာ လေဖြတ်နိုင်ခြေ ပိုများကြောင်း သုတေသနအသစ် တွေ့ရှိထားပါတယ်။

 

ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ သွေးခဲခြင်း၊ ကျောက်ကပ်ပျက်ခြင်း၊ ကိုယ်ခံအားကျဆင်းရောဂါတို့ဟာ အသက် ၄၅ နှစ်အောက် လူတွေမှာ လေဖြတ်နိုင်ခြေများစေကြောင်း ဖော်ပြထားပါတယ်။

 

ထိုအသက်အရွယ်တွေမှာ ခေါင်းကိုက်ခြင်းက လေဖြတ်ခြင်းရဲ့ အရေးအကြီးဆုံး အကြောင်းအရင်းဖြစ်နေပြီး အမျိုးသားတွေမှာ ၂၀ ရာခိုင်နှုန်းနဲ့ အမျိုးသမီးတွေမှာ ၃၅ ရာခိုင်နှုန်းနီးပါး ရှိနေပါတယ်။

 

လေဖြတ်ခြင်းခံစားရစဥ် အသက်အရွယ် ပိုငယ်လေ အထက်ပါ ရောဂါများ ခံစားရနိုင်ခြေများလေ ဖြစ်ပါတယ်။

 

အသက် ၄၅ မှ ၅၅ နှစ်ကြားလူတွေမှာ သွေးဖိအားများခြင်းက လေဖြတ်နိုင်ခြေအများဆုံး အကြောင်းအရင်း ဖြစ်နေပါတယ်။

 

လေ့လာစမ်းသပ်သူတွေထဲမှာ လူမျိုးဘာသာနဲ့ ပတ်သက်ပြီး အချက်အလက်တွေ မရှိတာကြောင့် တထစ်ချယူဆလို့ ရတာမျိုးတော့ မဟုတ်ပါဘူး။

 

#World_Health #ခေါင်းတစ်ခြမ်းကိုက်ခြင်း #လေဖြတ်ခြင်းဖြစ်စေနိုင်သည့်လက္ခဏာ #Source: New York Post