#ASEAN_news
Published_ 22 March 2024

အာဆီယံပေါင်းစည်းရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ မတ် ၂၀ ရက်တွင် ပြုလုပ်ခဲ့တဲ့ 72nd Initiative for ASEAN Integration (IAI) Task Force အစည်းအဝေး၌ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရန် ရည်ရွယ်၍ Initiative for ASEAN Integration (IAI) စတင် အကောင်အထည်ဖော် ခဲ့သည်မှာ ဆယ်စုနှစ် (၂) ခုကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

အဆိုပါအစီအစဉ်သည် အာဆီယံ အသိုက်အဝန်းတည်ထောင်ရာတွင် အရေးကြီး သည့် အခန်းကဏ္ဍမှ ပါဝင်သည်ဖြစ်ရာ၊ ယခုအစီအစဉ်မှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက် မြှင့်တင်နိုင် မှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ လုပ်ငန်းစီမံချက်တွင် စင်ကာပူ၊ ဂျာမနီ၊ သြစတြေးလျ၊ တရုတ်၊ ဂျပန်နှင့် အိန္ဒိယတို့မှ အထောက်အပံ့ပေးရန် အတည်ပြုချက် ရရှိပြီးဖြစ်သည့် စီမံကိန်းအသစ် (၁၆) ခုတို့အပေါ် IAI Task Force အဖွဲ့ဝင်များက အတည်ပြုပေးခဲ့ကြပါတယ်။

IAI Work Plan IV အတွက် Output Monitoring တွင် သက်ဆိုင်ရာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ National Coordinators များမှ ဖြည့်စွက်ရမည့် ကိစ္စရပ်များ အပါအဝင် ယခုနှစ် လာအိုနိုင်ငံ၏ Priority Economic Deliverable (PED) ကို အကောင်အထည်ဖော်ရန် Strategies Framework ချမှတ် အကောင်အထည် ဖော်ရာတွင် Economic Research Institute for ASEAN and East Asia (ERIA) မှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးနေမှုများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

အစည်းအဝေးသို့ အာဆီယံပေါင်းစည်းရေးလုပ်ငန်းအဖွဲ့ဝင် အမြဲတမ်း ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးရှိ IAI and NDG Division တာဝန်ရှိ သူများ၊ အာဆီယံအမြဲတမ်းကိုယ်စားလှယ်များကော်မတီ လုပ်ငန်းအဖွဲ့မှ ကိုယ်စားလှယ် များနှင့် ERIA တို့သည် အွန်လိုင်းမှတစ်ဆင့် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
Ymg_mnn
#ASEAN_news
#Published_ 22 March 2024
#YMG_News #Yangon_Times #Yangon_Media_Group