#World_Health
Published 18 March 2024


အိပ်စက်ခြင်းနဲ့ စိတ်ဖိစီးမှုတို့ဟာ ခန္ဓာကိုယ်လုပ်ဆောင်ချက်တိုင်းနီးပါးကို သက်ရောက်နေပါတယ်။

 

ထိုနှစ်မျိုးက အလုံးစုံကျန်းမာရေးပေါ် သက်ရောက်နေသလို အထူးသဖြင့် အမျိုးသမီးတွေမှာ နှလုံးသွေးကြောစနစ်ပေါ် သိသိသာသာ သက်ရောက်နေတယ်လို့ မကြာသေးမီက တွေ့ရှိထားပါတယ်။

 

ရောဂါအများစု ဖြစ်ရတဲ့အထဲမှာ စိတ်ဖိစီးမှုအကြောင်းကို သိပ်ပြီးသတိမထားမိကြပါဘူး။

 

နှလုံးရောဂါတွေက အဖြစ်နိုင်ဆုံးဖြစ်ပြီး ကိုယ်ခံအားနည်းခြင်း၊ ဟော်မုန်းမမှန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရင်ကြပ်ခြင်း၊ ကြွက်သားအရိုးငြမ်း မူမမှန်ခြင်း၊ အူလမ်းကြောင်း ကျန်းမာရေးပြဿနာတို့လည်း ဖြစ်နိုင်ပါတယ်။

 

ဖိစီးမှုကို ကြာရှည်စွာ ခံစားရတဲ့အခါ သွေးတိုးလာနိုင်ပြီး နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ခြေများလာပါတယ်။

 

အမျိုးသမီးတွေဟာ ဟော်မုန်းများ၊ လူမှုအခြေအနေများ၊ ဖိစီးမှုများကြောင့် စိတ်ဖိစီးမှုဒဏ်ကို ပိုမိုကြုံတွေ့ရနိုင်သလို အိပ်စက်မှုပြဿနာလည်း အမျိုးသားတွေထက် ပိုမိုခံစားရနိုင်ပါတယ်။

 

နှလုံးသွေးကြောကျန်းမာရေးမှာ အိပ်စက်မှုက အရေးပါတာကြောင့်  အိပ်ရေးမဝပါက ရောင်ရမ်းခြင်း၊ သွေးတိုးခြင်း၊ ဂလူးကို့စ် ဇီဝကမ္မဖြစ်စဥ် ချွတ်ယွင်းခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ 

 

အိပ်ရေးမဝပါက ဖိစီးမှုတုန့်ပြန်ခြင်းကို ပိုမိုဆိုးရွားစေကာ ခန္ဓာကိုယ်မှာ ကျန်းမာရေးပြဿနာများကို ပိုဆိုးစေပါတယ်။

 

နှလုံးကျန်းမာရေးအတွက် နည်းလမ်းတွေကတော့ တရားထိုင်ခြင်း ယောဂကျင့်ခြင်း ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ အိပ်ချိန်ပုံမှန်သတ်မှတ်ခြင်းနဲ့ အိပ်ရာမဝင်မီ စိတ်ပြေလျော့စေရန် ကျင့်ကြံခြင်း၊ လူမှုအားပေးမှု ကွန်ရက်များမှာ ပါဝင်ခြင်းနဲ့ ပညာရှင်များထံမှ အကြံဉာဏ်ရယူခြင်းတို့ ပါဝင်ပါတယ်။

 

#World_Health #စိတ်ဖိစီးမှုလျှော့ချ #ကောင်းစွာအိပ်စက်ရန်လိုအပ် #Source: India Today