၂၅ ဖေဖော်ဝါရီ ၂၀၂၄

ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်းဟာ စနေနေ့ညနေပိုင်းမှာ သုဝဏ္ဏဘူမိလေဆိပ်ကို ကြိုတင်အသိမပေးဘဲ ရှောင် တစ်ခင် ဝင်ရောက်စစ်ဆေးပြီး လေဆိပ်မှာ ဆိုက်ရောက်နှင့်ထွက်ခွာခရီးသည်တွေအတွက် လုပ်ငန်းစဉ်တွေဟာ စိတ်ပျက်စရာ    ကောင်းနေဆဲပဲဆိုတာ တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။

ဆရက်သာဟာ သူ့ရဲ့ အိတ်စ်(တွစ်တာ)အကောင့်ကနေ စနေနေ့ညမှာ အဲဒါကိုကြေညာခဲ့တာဖြစ်ပါတယ်။ သူဟာ ယခုစစ်ဆေး  မှုမတိုင်ခင် ဖေဖော်ဝါရီ (၅)ရက်နေ့မနက်ပိုင်းမှာလည်း အဲဒီလေဆိပ်ကို မပြောမဆိုဘဲ ရှောင်တစ်ခင်ဝင်စစ်ဆေးခဲ့ပါသေး တယ်။

“ သုဝဏ္ဏဘူမိလေဆိပ်က ဝန်ဆောင်မှုစနစ်ကို  လေဆိပ်ကို ကြိုတင်အကြောင်းမကြားဘဲ ကျွန်တော်သွားစစ်ကြည့်တာ။ အဲဒီလိုမျိုး မနက်ပိုင်းမှာ တစ်ခါ ကျွန်တော်လုပ်ခဲ့သေးတယ်။ ဒီနေ့တော့ ညနေပိုင်းလာစစ်ဆေးကြည့်တာ။ ခရီးသည်တွေ ပုံနေတာပဲ” လို့ သူက အိတ်စ်စာမျက်နှာမှာ ပို့စ်ရေးတင်ခဲ့ပါတယ်။

ဆိုက်ရောက်နှင့်ထွက်ခွာ လုပ်ငန်းစဉ်တွေဟာ သိပ်ရှည်လျားနေတုန်းပဲလို့သူတွေ့ခဲ့တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

“ ခရီးသည်ကားထဲက ထွက်တဲ့အချိန်ကစပြီး ချက်အင်ကောင်တာဝင်လာ။ ပြီးတော့လုံခြံရေးစနစ်ကိုဖြတ်သန်း။ နောက်ဆုံး လေယာဉ်စောင့်ဖို့ လေဆိပ်ထဲရောက်သွားချိန်အထိ ကျွန်တော်အချိန်မှတ်ထားတယ်”

“ ဆိုက်ရောက်အတွက်လည်း ခရီးသည် လေယာဉ်ပေါ်ကဆင်းလာပြီး လူဝင်မှုကောင်တာတွေကိုရောက်တဲ့အထိ အချိန်မှတ် ထားတယ်။ လုပ်ငန်းစဉ်တွေ အဆင့်လိုက်အားလုံးအသေးစိတ် ကျွန်တော်စစ်ကြည့်တယ်။ အဲဒီအခါ အချိန်အတော်ကြာတာပဲ လို့တွေ့ရတယ်” လို့ သူကပြောပါတယ်။

ဆရက်သာက တာဝန်ခံအရာရှိတွေကို သူတို့အနေနှင့်လုပ်ငန်းဆောင်ရွက်တဲ့အချိန်တွေ လျှော့ချပေးနိုင်မလားမေးကြည့်တယ်။  အဖြေကတော့ လုပ်ငန်းတွေဆောင်ရွက်တဲ့အချိန်က သိပ်မသေချာဘူးလို့ပြောတယ်လို့ဆိုပါတယ်။

“ ဒီကိစ္စ အလျင်စလိုကို တိုးတက်မှုရှိဖို့လိုပြီ” လို့ ဆရက်သာကပြောပါတယ်။

သူ့အနေနှင့် ထိုင်းလေဆိပ်အာဏာပိုင်ဌာနနှင့် လူဝင်မှုဌာနက အရာရှိကြီးတွေကို လူတွေအများဆုံးဖြစ်နေတဲ့ အချိန်တွေမှာ အလုပ်ခန်းထဲကနေထွက်ပြီး သူတို့ကိုယ်တိုင် လာကြည့်စေချင်တယ်လို့ပြောပါတယ်။အဲဒါမှသာ ဘယ်နေရာမှ တစ်ဆို့နေတယ် ဆိုတာကို သူတို့တွေ့ရှိအဖြေရှာနိုင်ကြလိမ့်မယ်လို့ ထိုင်းဝန်ကြီးချုပ်ကပြောပါတယ်။

“ ကျွန်တော် လေဆိပ်ကို နောက်တစ်ခေါက် မပြောဘဲ လုပ်ငန်းအဆင့်ဆင့်ကို အသေးစိတ် ထပ်လာစစ်ဦးမယ်” လို့ ဆရက်သာက အိစ်စာမျက်နှာပို့စ်မှာရေးသားထားပါတယ်။

“ ကျွန်တော်တို့ဟာ ထိုင်းနိုင်ငံကို လေကြောင်းပျံသန်းရေး ဗဟိုချက်မဖြစ်အောင် တွန်းတွန်းတိုက်တိုက်လုပ်နေတယ်။ နိုင်ငံခြား ကမ္ဘာလှည့်ခရီးသွားတွေကို တံခါးဖွင့်ထားတယ်။ အုဲါကြောင့် လုပ်ငန်းလည်ပတ်နေတဲ့ အရာရှိတွေဟာ ဝန်ဆောင်မှုစိတ်ဓာတ် မွေးဖို့လိုတယ်။ ကမ္ဘာလှည့်ခရီးသွားတွေကို စောင့်ရှောက်ရမယ်။ အဲဒါမှသာ သူတို့ လေယာဉ်တွေထဲကနေ ထွက်ခွာသွာတဲ့ အချိန်မှာ ကျေနပ်အထင်ကြီးပြီး ကျန်ခဲ့လိမ့်မယ်” လို့ သူကပြောလိုက်ပါတယ်။

@ ymg/knl

@Source_Nation