၂၁ ဖေဖော်ဝါရီ ၂၀၂၄

ဘန်ကောက်,ဖေဖော်ဝါရီ ၂၁ (ရိုက်တာ)- အကျဉ်းကျနေရာမှ ယခုတစ်ပတ်အတွင်းလွတ်မြောက်လာခဲ့သည့် ထိုင်းနိုင်ငံ၏ အရှိန်အဝါရှိ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝတ်ထရာထံသို့  ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန်ဆန်က ဗုဒ္ဓဟူးနေ့ ဖေဖော်ဝါရီ ၂၁ရက်တွင် သွားရောက်လည်ပတ်ခဲ့ပါတယ်။ ဟွန်ဆန်သည် သက်ဆင် မိမိကိုယ်မိမိပြည်ပသို့ရှောင်တိမ်းနေခဲ့သည့်  ၁၅နှစ်တာကာလအတွင်း သူ၏ အရင်းနှီးဆုံးမဟာမိတ်များထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။

နိုင်ငံရေးဟဲဗီးဝိတ်နှင့် ကိုယ်ပိုင်ဟန်နှင့်ဩဇာအာဏာထူထောင်ခဲ့သည့် ဟွန်ဆန်သည် ပြီးခဲ့တဲ့ လက သူ့သားထံ အာဏာလွှဲ မပေးခင်အထိ ကမ္ဘောဒီးယားနိုင်ငံ၏ ဝန်ကြီးချု်အဖြစ် ဆယ်စုနှစ် လေးစုနီးပါးမျှ ကမ္ဘောဒီးယားကို အုပ်ချုပ်ခဲ့ပါတယ်။

သက်ဆင်ပြည်ပြေးဘဝဖြစ်ရှိစဉ်မှာ ဟွန်ဆန်ဟာ သူ့ကို ခိုလှုံစရာပေးခဲ့ပြီး  အထူးအကြံပေးအဖြစ်ပါ  ခန့်အပ်ခဲ့ပါတယ်။ သက်   ဆင်ကို ကမ္ဘောဒီးယားသို့ မကြာခဏလာရောက်ပြီးသူ့မဟာမိတ်တွေနှင့်တွေ့ဆုံခွင့်ကို ဟွန်ဆန်ကပေးခဲ့ပါတယ်။ ဒါဟာ အိမ်နီးချင်းတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းလို့မြင်ကြတဲ့ သက်ဆင်ရဲ့ပြိုင်ဘက်တွေအတွက် အဲဒါတွေက စိတ်တိုစရာဖြစ်ခဲ့ရပါတယ်။

သက်ဆင်ဟာ အသက်အရွယ်နှင့်ကျန်းမာရေးကြောင့် တနင်္ဂနွေနေ့က လွတ်ငြိမ်းခွင့်နှင့် ပြန်လညလွတ်မြောက်လာခဲ့ပါတယ်။ အသက်၇၄နှစ်အရွယ်သက်ဆင်ဟာ အဲဒီကတည်းက ကြိုးသိုင်းပတ်တီး၊ဘီးတပ်ကုလားထိုင်တွေနှင့် တွေ့နေရပါတယ်။ သူနှင့် တွေ့ဆုံခဲ့တဲ့ အကြီးတန်းအရာရှိတစ်ဦးကတော့ “သက်ဆင်ဟာ တကယ့်ကိုနာမကျန်းဖြစ်နေတာ”လို့ပြောခဲ့ပါတယ်။

“ ဝန်ကြီးချုပ်ဟောင်းနှစ်ဦးတွေ့ကြတယ်။ နိုင်ငံရေးအကြောင်းမပြောခဲ့ကြဘူး” လို့ ဟွန်ဆန်က ဖေ့စ်ဘုတ်မှာ ပို့စ်ရေး တင်ပါ  တယ်။ ပို့စ်ထဲမှာ ပခုံးသိုင်းပတ်တီးဝတ်ထားပြီး မရွှင်မပျမြင်ရတဲ့ သက်ဆင်နှင့်အတူ ဆိုဖာမှာတွဲထိုင်နေတဲ့ ဓာတ်ပုံလည်း ပါဝင်ပါတယ်။

သက်ဆင်ကျန်းမာရေးအခြေအနေအပြည့်အစုံကို မထုတ်ပြန်တဲ့အတွက် ဝေဖန်သူတွေက သူတကယ်ရော မကျန်းမာတာမှ ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။

သက်ဆင်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လထဲ သူ့ရဲ့ သစ္စာခံ ဆရက်သာ သာဗီဆင် ဝန်ကြီးချုပ်ဖြစ်ပြီး ဟွန်ဆန်ကလည်း အိမ်နီးချင်းကမ္ဘောဒီးယားနိုင်ငံမှာ အာဏာလွှဲပေးလိုက်တဲ့ တစ်ရက်တည်းမှာပဲ မထင်မှတ်ဘဲ ပြည်တော် ပြန်လာခဲ့ပါတယ်။

သက်ဆင်ကို အကျိုးစီးပွားပဋိပက္ခဖြစ်ပြီးအာဏာအလွဲသုံးစားလုပ်မှုနှင့် ထောင်(၈)နှစ်ချခဲ့ပြီး သူ့ရဲ့ အကျဉ်းထောင်ထဲက ပထမညမှာပဲ ရင်ဘတ်အောင့်လာလို့ဆိုကာ ဆေးရုံသို့ရွှေ့ပြောင်းပေးခဲ့ပါတယ်။

အဲဒီနောက်ဘုရင်က သူ့ကို ထောင်ဒဏ်(၁)နှစ်သို့ လျှော့ချပေးခဲ့ပြီး ခြောက်လအကြာမှာ လွတ်ငြိမ်းခွင့်နှင့်လွတ်လာခဲ့တာ ဖြစ်ပါတယ်။

ဟွန်ဆန်ရဲ့အလည်ခရီးဟာ သူတို့ရဲ့ နက်ရှိုင်းလှတဲ့ ပုဂ္ဂိုလ်ရေးချိတ်ဆက်မှုကိုပြသနေပြီး အဲဒါတွေက သက်ဆိုင်ရာ အစိုးရတွေ ဆီ သူတို့ရဲ့ဩဇာလွှမ်းမိုးစေပြီး နှစ်နိုင်ငံဆက်ဆံရေးပိုပြီး ခိုင်မြဲလာမယ့်သဘောရှိတယ်လို့ အကဲဖြတ်တွေကဆိုကြပါတယ်။

“ဒီအလည်အပတ်ခရီးဟာ အရှေ့တောင်အာရှရဲ့ နိုင်ငံရေးလူ့မလိုင်ကို ထင်ဟပ်နေတာဖြစ်တယ်” လို့ ချူလာလောင်ကွန်း   တက္ကသိုလ်ရဲ့ နိုင်ငံရေးသိပ္ပံပါမောက္ခ ဆီရီပန်နိုဂူအန်ကပြောပါတယ်။

သူတို့ရဲ့ဆက်ဆံရေးကြောင့် ဆယ်စုနှစ်များစွာရပ်တန့်နေခဲ့တဲ့ နှစ်နိုင်ငံပူးပေါင်းပြီး ကမ်းလွန်ဟိုက်ဒရိုကာဘွန်ရှာဖွေတူးဖော် ရေးလိုမျိုးလုပ်ငန်းတွေလို ခက်ခဲတဲ့ နှစ်နိုင်ငံဆက်ဆံရေးပြဿနာတွေကို ပြန်လည်အစဖော်ရာမှာအကူအညီဖြစ်စေနိုင်မယ် လို့ သုံးသပ်နေကြပါတယ်။

@ymg/knl