Published_9 February 2024

အယ်လ်နာဆာအသင်းမှ ပေါ်တူဂီတိုက်စစ်မှူး ရိုနယ်ဒို ဟာ ၂၀၂၃ ခုနှစ်မှာ ဝင်ငွေအကောင်းဆုံး အားကစားသမားအဖြစ် ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။

အားကစားစီးပွားရေးဝက်ဘ်ဆိုက်တစ်ခုက ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားသမား ၁၀၀ စာရင်းကို ထုတ်ပြန်ခဲ့ရာ ရိုနယ်ဒို က ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရိုနယ်ဒို ဟာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းထံမှ တစ်နှစ်လစာ ပေါင် ၁၇၅ သန်းရရှိတဲ့အပြင် အခြားစပွန်ဆာစာချုပ်များမှလည်း ပေါင်သန်း ၄၀ ကျော်ရရှိတဲ့အတွက် တစ်နှစ်ဝင်ငွေ ပေါင် ၂၁၈ သန်းနဲ့ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အင်တာမိုင်ယာမီအသင်းမှ မက်ဆီ က ပေါင် ၁၀၃ သန်းနဲ့ တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။
#Sport_news
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group