#World_News
Published 02 January 2024


ထောင်နဲ့ချီတဲ့ အစ္စရေးလ်စစ်သားတွေဟာ ဂါဇာကမ်းမြောင်ကနေ ဆုတ်ခွာသွားကြပြီး ဒါဟာ စစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအနေနဲ့ တပ်အင်အား အများအပြား ဆုတ်ခွာခြင်း ဖြစ်ပါတယ်။

 

ဂါဇာကမ်းမြောင် တောင်ဘက်ခြမ်းတဝက်ရှိ အဓိကမြို့ကို ဆက်လက်ပြီး အာရုံစိုက်တိုက်ခိုက်ချင်တာကြောင့် ဒီလိုတပ်ဆုတ်လာတာပဲ ဖြစ်ပါတယ်။

 

အစ္စရေးလ်စစ်တပ်က မြောက်ပိုင်းတဝက်မှာ စစ်ဆင်ရေးတွေ ရပ်ဆိုင်းမယ်လို့ ဆိုထားကာ ဂါဇာအချို့နေရာတွေမှာ တိုက်ခိုက်မှုတွေ လျော့နည်းလာမယ်ဆိုတဲ့ အရိပ်အယောင် ဖြစ်ပါတယ်။

 

အစ္စရေးလ်ဟာ တိုက်ခိုက်မှုတွေ လျှော့ချလာဖို့ အဓိကမဟာမိတ် အမေရိကန်ကနေ ဖိအားပေးခြင်းကို ခံနေရပါတယ်။



မကြာခင်မှာ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် လာရောက်မှာဖြစ်ပြီး အမေရိကန်အစိုးရက အစ္စရေးလ်သို့ လက်နက်များ အရေးပေါ်ရောင်းချရန် အတည်ပြုပြီးနောက် အခုလို တပ်ဆုတ်လာတာ ဖြစ်ပါတယ်။

 

ဒါပေမဲ့ ဂါဇာ တောင်ပိုင်းမြို့ ခန်ယူနစ်နဲ့ အလယ်ပိုင်းဒေသတွေမှာတော့ တိုက်ခိုက်မှုတွေ ဆက်လက်ပြင်းထန်နေပါတယ်။

 

တပ်ရင်း ၅ ခုစာရှိတဲ့ ထောင်ချီတပ်သားတွေဟာ လေ့ကျင့်အနားယူရန်အတွက် လာမယ့်ရက်သတ္တပတ်တွေမှာ ဆုတ်ခွာလာမှာ ဖြစ်ပါတယ်။

 

စစ်ပွဲဦးတည်ချက်အရ ကြာရှည်လာနိုင်တာကြောင့် အစီစဥ်တကျ ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ အစ္စရေးလ်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ်ဟေဂရီက ပြောပြသွားပါတယ်။

 

ခန်ယူနစ်မြို့မှာ အစ္စရေးလ်တပ်သား ထောင်ချီရှိနေမယ်လို့ ယူဆရပြီး မြို့အနောက်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

 

စစ်ပွဲက လနဲ့ချီကြာဦးမယ်လို့ အစ္စရေးလ်က ဆိုလိုက်ကာ ဟားမတ်စ်စစ်သွေးကြွများ နောက်ထပ်တိုက်ခိုက်မှုများ မပြုလုပ်နိုင်စေရန် အခြေခံအဆောက်အအုံများနဲ့ လက်နက်များကို ရှင်းလင်းဖို့ အချိန်လိုအပ်တယ်လို့ ဆိုလိုက်ပါတယ်။


အစ္စရေးလ်တပ်သားများ သေဆုံးမှု မြင့်တက်နေပေမယ့် စစ်ပွဲဦးတည်ချက်တော့ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

 

#World_News #နည်းဗျူဟာပြောင်း #ဂါဇာမှအစ္စရေးလ်တပ်သားထောင်ချီဆုတ်ခွာ #Source: NPR