Published 05 December 2023 
 
မန်ကျည်းသီးရဲ့ ချိုချဥ်အရသာကြောင့် အာရှ၊ အိန္ဒိယ၊ မက္ကဆီကို၊ ကာရစ်ဘီယံ ဟင်းလျာတွေမှာ အသုံးပြုကြပါတယ်။ 
 
အာဖရိကမှာ စတင်ပေါ်ပေါက်တယ် ဆိုပေမယ့် အခြားဒေသအများအပြားမှာလည်း တွေ့ရပါတယ်။ 
 
ကျန်းမာရေးအတွက်လည်း များစွာအကျိုးရှိနေတာကြောင့် မန်ကျည်းသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဖော်ပြလိုက်ပါတယ်။ 
 
(၁) မန်ကျည်းသီးမှာ ဗိုက်တာမင် စီ၊ အီး၊ ဘီအုပ်စု၊ သံဓာတ်၊ ပိုတက်ဆီယံ၊ မဂ္ဂနီဆီယံတို့လို မရှိမဖြစ် ဗိုက်တာမင်များနဲ့ သတ္တုဓာတ်များ ပါဝင်ပါတယ်။ 
 
(၂) အစာခြေခြင်းကို ကူညီပေးပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးတဲ့အပြင် အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။ 
 
(၃) ကယ်လိုရီပါဝင်မှု နည်းပါးခြင်း၊ အမျှင်ဓာတ် မြင့်မားခြင်း၊ စားချင်စိတ် လျှော့ချပေးခြင်းတို့ကြောင့် ကိုယ်အလေးချိန် ကျစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ 
 
(၄) ပိုလီဖီနောလ်၊ ဖလေဗိုနွိုက်တို့လို ဓာတ်တိုးဆန့််ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်ပြီး နာတာရှည်ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးပါတယ်။ 
 
(၅) သူ့မှာပါဝင်တဲ့ တာတာရစ်အက်ဆစ်က ရောင်ရမ်းခြင်းကို ဆန့်ကျင်ပေးတာကြောင့် ပုံမှန်စားသုံးပေးပါက ရောင်ရမ်းခြင်းကြောင့်ဖြစ်တဲ့ ရောဂါဘယတွေကို သက်သာစေပါတယ်။ 
 
(၆) ပိုတက်ဆီယံက သွေးဖိအားကို လျှော့ချပေးကာ နှလုံးကျန်းမာရေးကို ထိန်းသိမ်းပေးပြီး အမျှင်ဓာတ်တွေကလည်း ကိုလက်စ်ထရောလ် ပမာဏကို လျှော့ချပေးကာ နှလုံးသွေးကြော ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။ 
 
(၇) ဗိုက်တာမင်စီ ကြွယ်ဝတာကြောင့် ကိုယ်ခံအားစနစ် ကောင်းမွန်စေပြီး ရောဂါကူးစက်မှုများမှ ကာကွယ်ပေးပါတယ်။ 
 
(၈) မန်ကျည်းသီးကို အလှကုန်ပစ္စည်းတွေမှာ အသုံးပြုလေ့ရှိသလို ဝက်ခြံလျှော့ချပေးခြင်း၊ အသားအရေ ချောမွေ့စေခြင်း၊ အရေးကြောင်းများ လျှော့ချပေးကာ အိုမင်းခြင်းလက္ခဏာများ ကာကွယ်ပေးခြင်းတို့ ပေးစွမ်းနိုင်ပါတယ်။ 
 
(၉) ဗိုက်တာမင်အေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက မျက်လုံးကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။ 
 
(၁၀) ကိုယ်တွင်းဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးတဲ့ ဒြပ်ပေါင်းများ ပါဝင်ပြီး ခွန်အားပေးစွမ်းကာ ကိုယ်တွင်းလုပ်ဆောင်ချက်များကို ကောင်းမွန်စေပါတယ်။ 
 
မန်ကျည်းသီးစားသုံးခြင်းဟာ ဘေးကင်းစိတ်ချရပေမယ့် အက်ဆစ်ဓာတ် များပြားတာကြောင့် အသင့်အတင့်သာ စားသုံးသင့်ပါတယ်။ 
Source: DoctorNDTV 
#World_Health
#Published 05 December 2023 
#YMG_News #Yangon_Times #Yangon_Media_Group