၁၉ ရာစုအစောပိုင်း ဗြိတိန်သံတမန် လော့ဒ်အယ်လ်ဂင် အော့တိုမန်အင်ပါယာသံအမတ် ဖြစ်စဥ်အခါက ပါရာသီနွန်ဘုရားကျောင်းကနေ ဖယ်ရှားခဲ့တဲ့ နှစ်ပေါင်း ၂,၅၀၀ သက်တမ်းရှိ ရုပ်ထုများကို ရာသက်ပန် ပြန်လည်ပေးအပ်ရန် ဂရိနိုင်ငံက ဗြိတိန်ပြတိုက်ကို အကြိမ်ကြိမ် တောင်းဆိုထားကြောင်း ဂရိဝန်ကြီးချုပ် ကိုင်ရီယာကော့စ်မစ်ဆိုတာကစ်က ဗြိတိန်သို့လာရောက်စဥ် BBC နဲ့ အင်တာဗျူးမှာ ပြောကြားသွားပါတယ်။

ဒါဟာ ပိုင်ဆိုင်ခွင့်အတွက် တောင်းဆိုတာမဟုတ်ဘဲ ပြန်လည်ပေါင်းစည်းခြင်းသဘောသာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
#World_Culture
#Published 01 December 2023
#Yangon_Times #YMG_News #Yangon_Media_Group