၂၂ နိုဝင်ဘာ ၂၀၂၃

အစ္စရေးနှင့်ဟားမာ့စ်တို့ဟာ ကာတာနိုင်ငံရဲ့ကြားဝင်စေ့စပ်ပေးမှုကြောင့် ဂါဇာကမ်းမြောင်မှာ အပစ်အခတ်ရပ်စဲဖို့ နိုဝင်ဘာ ၂၂ ရက် ဗုဒ္ဓဟူးနေ့က သဘောတူလိုက်ကြပြီဖြစ်ပါတယ်။

သဘောတူညီချက်အရ ဟာမာ့စ်တို့က ဓားစာခံများကိုလွှတ်ပေးမှာဖြစ်ပြီး အစ္စရေးဘက်ကလည်း ပါလက်စတိုင်း အကျဉ်းသားတွေကို လွှတ်ပေးမှာဖြစ်ပါတယ်။ အဲဒီအပြင်သိမ်းပိုင်ထားတဲ့ နယ်မြေတွေမှာလည်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပိုပေးဖို့ ခွင့်ပြုမှာဖြစ်ပါတယ်လို့ အစ္စရေး အစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Source CCTV+