18 August 2023

အမေရိကန်ဒေါ်လာသည် ယိုင်နဲ့လာနေပြီး ကမ္ဘာ့အရန်ငွေကြေးသည် ရှုံးခဲ့သမျှတွေထက်  ပိုကြီးမားစွာဆုံးရှုံးနေတယ်လို့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ပြောပါတယ်။

ထရမ့်က ဖောက်စ်ရုပ်သံ တင်ဆက်သူ  Larry Kudlow စီးပွားရေးဆွေးနွေးခန်းမှာ အဲသလိုပြောကြားခဲ့တာဖြစ်တယ်လို့ ဖောက်စ်သတင်းဌာနက သတင်းရေးသားပါတယ်။

“ ကျွန်တော်တို့နိုင်ငံဟာ ဒုက္ခအကြီးအကျယ် ရောက်တော့မယ်။ ကျွန်တော်တို့မှာ ဩဇာအာဏာ ရှိတယ်။ ဒါပေမယ့် အခုအဲဒါက ယိုင်နဲ့နဲ့ဖြစ်နေပြီ။ငွေကြေးအရပြောရရင်ပေါ့။  ကျွန်တော်တို့ငွေကြေးရဲ့တန်ဖိုးအရတစ်ခုတည်းပြောတာ မဟုတ်ဘူးနော်။  တစ်ကမ္ဘာလုံးမှာ ကျွန်တော်တို့ငွေကြေးကို သုံးနေကြတဲ့ကိစ္စကိုပြောတာ” လို့ သူကပြောပါတယ်။

“ လေဆိပ်တွေကိုကြည့်၊ တာမင်နယ်တွေကိုကြည့်၊ ကျွန်တော်တို့ရဲ့ ညစ်ပေနေတဲ့လမ်းတွေ၊ကျိုးပဲ့နေတဲ့လမ်းတွေ နေရာ အနှံ့ကိုကြည့်.. တတိယနိုင်ငံတစ်နိုင်ငံနှင့် တူနေပြီ” လို့ ထရမ့်က မှတ်ချက်ပေးပါတယ်။

“ ကျွန်တော်တို့မှာ အင်မတန်အားကောင်းတဲ့ ကျွန်တော်တို့ရဲ့ ဒေါ်လာရှိတယ်။ အခုကြည့်လိုက်ပါ။ အခြားနိုင်ငံတွေက ဒေါ်လာကိုမသုံးကြတော့ဘူး။ တရုတ်က ဒေါ်လာအစား ယွမ်ကို အစားထိုးချင်နေတယ်။ စဉ်းစားလို့ကိုမရတော့တာ။ ဒါမျိုး မဖြစ်ဖူးဘူး။ အခုလူတွေက ဒါကိုစဉ်းစားနေကြပြီ” လို့ ထရမ့်ကဆက်ပြောပါတယ်။

Source FoxNews