၁၃ ဩဂုတ် ၂၀၂၃

အင်ဒိုနီးရှားမယ်စကြဝဠာရွေးပွဲတွင်  လိင်ပိုင်းဆိုင်ရာစော်ကာမော်ကားပြုမှုစွပ်စွဲချက်တွေထွက်ပေါ်လာပြီးနောက် မယ်စကြဝဠာအဖွဲ့အစည်းကြီးက အင်ဒိုနီးရှားကုမ္ပဏီနှင့် လုပ်ငန်းဖြတ်တောက်လိုက်ပြီး လာမယ့် ပွဲကိုလည်း ဖျက်သိမ်းလိုက်တယ် လို့ကြေညာလိုက်ပါတယ်။

မယ်စကြဝဠာအင်ဒိုနီးရှားရွေးပွဲတွင်  သရဖူရှင်ရွေးပွဲမတိုင်ခင်နှစ်ရက်အလို၌ နောက်ဆုံးဆန်ကာတင် ၃၀ ဦးအနက် တစ်ဝက်ကျော်ခန့်က သူတို့ကို အမာရွတ်များနှင့် အဆီခဲများစစ်ဆေးရန်ဟုဆိုပြီး တစ်ကိုယ်လုံးချွတ်ခိုင်းခဲ့တယ်လို့ တိုင်တန်းမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

အမျိုးသမီး (၅)ဦးက သူတို့ ဓါတ်ပုံတွေရိုက်ကူးထားတာရှိကြောင်း ရှေ့နေတွေကပြောပါတယ်။

“မယ်စကြဝဠာအင်ဒိုနီးရှားမှာဖြစ်ခဲ့တာတွေ ကျွန်ုပ်တို့သိရသမျှမှာ ကျွန်တော်တို့ရဲ့ လိုင်စင်ရအင်ဒိုနီးရှားကုမ္ပဏီဟာ ကျွန်ုပ်တို့အမှတ်တံဆိပ်အဆင့်အတန်း။ကျင့်ဝတ်နှင့် မျှော်လင့်ချက်တွေ နှင့် ညီအောင်မဆောင်ရွက်နိုင်ဘူးဆိုတာ ရှင်းနေပါတယ်” လို့ အမေရိကန်အခြေစိုက် မယ်စကြဝဠာအဖွဲ့အစည်းက ပြောပါတယ်။

အဲဒါကြောင့် အင်ဒိုနီးရှားက လက်ရှိလိုင်စင်ရ လုပ်ငန်း PT Capella Swastika Karya နှင့် သူ့ရဲ့ နိုင်ငံဆိုင်ရာညွှန်မှူး ပေါ်ပီ ကက်ပီလာတို့နှင့် ဆက်ဆံရေးကို အဆုံးသတ်ဖို့ဆုံးဖြတ်လိုက်ပါပြီ လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဆိုပါအင်ဒိုနီးရှားကုမ္ပဏီဟာ မလေးရှားအတွက်လည်း မယ်စကြဝဠာမလေးရှားအတွက် လိုင်စင်ရထားပါတယ်။ ဒါပေမယ့် မလေးရှားမှာ ဒီနှစ်ပြိုင်ပွဲမရှိပါဘူး။

အင်ဒိုနီးရှားကုမ္ပဏီ ဒါရိုက်တာ ကက်ပီလာကတော့ သူတို့ ခန္ဓာကိုယ်စစ်ဆေးတာတွေမလုပ်ခဲ့ပါဘူးလို့ ကြေညာချက် အရှည်ကြီးထုတ်ပြီးငြင်းထားပါတယ်။

ဂျာကာတာမှာပြိုင်ပွဲကို ဇူလိုင် ၂၉ရက်ကနေ ဩဂုတ် ၃ရက်အထိကျင်းပခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲမှာ သရဖူဆောင်းခဲ့သူ ဖက်ဘီယန်နီကိုးလ်ဂရိုနီဗီလ်းကိုတော့ လာမယ့်နိုဝင်ဘာလ အယ်ဆာဗေးဒေါမှာကျင်းပမယ့် ပြိုင်ပွဲကြီးမှာ ယှဉ်ပြိုင်ခွင့် ပေးပါမယ်လို့ မယ်စကြဝဠာအဖွဲ့အစည်းကပြောပါတယ်။

Source: Bangkok Post