Published_ 11 August 2023

ရီးရဲလ်မက်ဒရစ်အသင်း၏အဓိကရိသမားဖြစ်သောသီဘို ကော်တိုအာသည် လေ့ကျင့်ရေးတွင် ဒူးအရွတ်ကြော ထိခိုက်မှုဒဏ်ရာရရှိမှုကြောင့် ကာလရှည်အနားယူရမည်ဖြစ်ကြောင်း သိရသည်။

အသက် ၃၁နှစ်ရှိ ကော်တိုအာသည် ၂၀၁၈ ခုနှစ်တွင် ချယ်လ်ဆီးမှပြောင်းရွှေ့ကခဲ့ပြီး ရီးရဲလ်အတွက်ပွဲပေါင်း ၂၀၀ ကျော်ကစားထားကာ ဘယ်လ်ဂျီယံလက်ရွေးစင် ဂိုးသမား လည်းဖြစ်သည်။

ကော်တိုအာသည် လေ့ကျင့်ရေးကွင်းတွင် ဘယ်ဖက်ဒူးအရွတ်ကြောထိခိုက်မှုကြောင့် မကြာမီခွဲစိတ်ကုသမှုခံယူရမည်ဖြစ်ကြောင့်ရီးရဲလ်မက်ဒရစ်အသင်း၏ တရားဝင်ဝက်ဘ်ဆိုဒ်တွင်ဖော်ပြထားသည်။

ကော်တိုအာ သည် ၂၀၂၂ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲတွင် အထူးလက်စွမ်းပြသကာ Man_of_the_Match ဆုရရှိခဲ့ပြီး ၎င်းပွဲစဉ်တွင် ရီးရဲလ်က လီဗာပူးကို အနိုင်ရဗိုလ်စွဲခဲ့သည်။

ယခင်ကရီးရဲလ်သို့ပြောင်းရွှေရန် သတင်းထွက်ပေါ်ခဲ့သည့် ဒေးဗစ်ဒီဂီယာမှာ မန်ယူနှင့်စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် နည်းပြအန်ဆယ်လော့တီက ခေါ်ယူရန်ကြိုးပမ်းလာဖွယ်ရှိနေသည်။

အခြားသတင်းတစ်ရပ်တွင်ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေရန် သတင်းထွက်ပေါ်နေသောတိုက်စစ်မှူး အမ်ဘာပေက ယခုရာသီတွင် ပီအက်စ်ဂျီအသင်း၌ဆက်လက်ကစားများ မည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်ဟု သိရသည်။
Ref ; Fotmob.
#World_Sport
#Published_ 11 August 2023
#YMG #Yangon_Times