#Local_Sport
Published_ 16 August 2023

သြဂုတ်၁၆ ရက်မှာဆီဗီလာအသင်းနဲ့UEFAစူပါဖလားပြိုင်ပွဲကစားမယ့် မန်စီးတီးအသင်းလူစာရင်းကနေ ဒဏ်ရာရနေတဲ့ အသင်းခေါင်းဆောင် ဒီဘရိုင်းကို ချန်လှပ်ထားခဲ့တယ်လို့ သိရပါတယ်။ ဒီဘရိုင်းဟာ သောကြာနေ့က ကစားခဲ့တဲ့ ဘန်လေအသင်းနဲ့ ပွဲစဉ်မှာ ဒဏ်ရာပြဿနာကြောင့်လူစားလဲခံခဲ့ရတာဖြစ်ပြီး ရက်သတ္တပတ် အနည်းငယ်အနားယူရမယ်လို့ နည်းပြ ဂွာဒီယိုလာကပြောခဲ့ပါတယ်။

 

အသက် ၃၂နှစ်ရှိ ဒီဘရိုင်းဟာပြီးခဲ့တဲ့မေလ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်မှာလည်း အခုလိုတံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။အသင်းကဒဏ်ရာအခြေအနေကို အသေးစိတ်ဖော်ပြခြင်းမရှိပေမယ့် အေသင်မှာယှဉ်ပြိုင်ကစားမယ့် ယူအီးအက်ဖ်အေစူပါဖလားယှဉ်ပြိုင်မဲ့မန်စီးတီးရဲ့ ကစားသမား၂၂ဦး လူစာရင်းကနေ ဒီဘရိုင်းကိုချန်လှပ်ခဲ့တာပါ။

 

ဒီဘရိုင်းဟာ၂၀၁၅ ခုနှစ်က ဝုဖ်ဘက်ကနေ မန်စီးတီးကို ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်းအသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် စွမ်းဆောင်ရည်ပြသနေပြီး ကမ္ဘာ့ကောင်းဆုံးကစားသမားတစ်ဦးအဖြစ်လည်းသတ်မှတ်ခံထားရပါတယ်။

 

အခြားအဓိကကစားသမားတွေဖြစ်တဲ့ ဘာနာဒိုဆေးလ်ဗားနဲ့ရူဘင်ဒီယာ့ဇ်တို့လည်း ဒဏ်ရာပြဿနာတွေကြောင့်အခုလူစာရင်းမှာပါဝင်လာခြင်းမရှိပါဘူး။

 

#Local_Sport #မန်စီးတီးအသင်းလူစာရင်း #ဒီဘရိုင်းအားချန်လှပ်
Ref;fotmob