#Local_Sport
Published_ 3 August 2023


ရန်ကုန်ယူနိုက်တက်အသင်းက နည်းပြချုပ်အသစ်အဖြစ် ခန့်အပ်လိုက်တဲ့ ဂျာမနီလူမျိုးနည်းပြ ဂတ်ဇီစီဟာ ဩဂုတ် (၃) ရက် ညနေပိုင်းမှာ ရန်ကုန်မြို့သို့ ရောက်ရှိ လာမယ်လို့ သိရှိရပါတယ်။

 

သူဟာ ဩဂုတ် (၄) ရက်မှစတင်၍ အသင်းကို ကိုယ်တွယ်သွားတော့မှာဖြစ်ပါတယ်။ နည်းပြသစ် ဂတ်ဇီစီဟာ သူ့ရဲ့မြန်မာလိဂ် ပထမပွဲအဖြစ် လာမယ့် ဩဂုတ် (၇) ရက်မှာ ကချင်ယူနိုက်တက်အသင်းနဲ့ စတင်တွေ့ဆုံမှာပဲဖြစ်ပါတယ်။


အဆိုပါနှစ်သင်းဟာ ပထမအကျော့ပွဲစဉ်တွင် တိုက်စစ်မှူး ဆိုင်လာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ရန်ကုန်အသင်းက အနိုင်ရရှိခဲ့ပါတယ်။

 

#ygm_mnn #Local_Sport #ရန်ကုန်ယူနိုက်တက်နည်းပြချုပ်
#Yangon_Media_Group