စင်္ကာပူ-
လွန်ခဲ့တဲ့လအနည်းငယ်အတွင်းကစပြီး ဂျုံကနေဟင်းရွက်ဆီအထိ၊သကြားအထိ စိုက်ပျိုးရေးအခြေခံစား ကုန်တွေ ဈေးတစ်ဟုန်ထိုးမြင့်တက်နေတဲ့ အကျိုးဆက်က အာရှမှာရှိတဲ့ စားသုံးသူတွေနှင့် လုပ်ငန်းတွေ ကိုထိခိုက်နေပြီဖြစ်တယ်လို နစ်ကေးအေးရှားသတင်းဌာနက ရေးသားလိုက်ပါတယ်။

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ(အက်ဖ်အေအို)ကထုတ်ဝေတဲ့စားနပ်ရိက္ခာဈေးနှုန်းအခြေခံ အညွှန်းအရ အသား၊နိုထွက်ပစ္စည်း၊နှံစားပင်တွေ၊ဟင်းသီးဟင်းရွက်ဆီတွေနှင့်သကြားတွေရဲ့ဈေးနှုန်း ဟာ ၁၂လဆက်တိုက်မြင့်တက်လာနေပြီး မေလမှာ အမြင့်ဆုံး၁၂၇.၁ အမှတ်ကိုရောက်ရှိနေပါတယ်။ အဲဒီအဆင့်ဟာ နှစ်ပေါင်း၁၀နှစ်နီးပါးမှာအမြင့်ဆုံးဖြစ်ပါတယ်။ မနှစ်ကမေလနှင့် ဒီနှစ်မေလ နှိင်းယှဉ်ရင် ဒီနှစ်မှာဈေးတွေက ၄၀ရာခိုင်နှုန်းမြင့်တက်လာတယ်လိုသတင်းအရသိရပါတယ်။


#ဈေးဘာကြောင့်တက်
စိုက်ပျိုးရေးအခြေခံစားကုန်တွေ ယခုလိုဈေးမြင့်တက်ရတာ အကြောင်းရင်းပေါင်းများစွာရှိနေပါတယ်။ ကမ္ဘာ့အကြီးဆုံးစားနပ်ရိက္ခာတင်သွင်းတဲ့နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက ဝယ်လိုအားဟာ ကျန်ကမ္ဘာ့နိုင်ငံ တွေနှင့်ယှဉ်ရင် ရောဂါကပ်ကပြန်နာလံထကတည်းက အလွန်ကောင်းမွန်နေခဲ့ပါတယ်။ ကွန်တိန်နာတွေမလုံလောက်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုတွေကြောင့် သင်္ဘောတင်ပိုခ တွေမြင့်တက်လာတာကလည်း နောက်ထပ်အကြောင်းတစ်ခုဖြစ်ပါတယ်။ ဘရာဇီးမှာ ရိတ်သိမ်းချိန် နောက်ကျတာ နှင့် ကြံအထွက်ကျဆင်းတာစတဲ့ ထောက်ပံ့တဲ့အခြမ်းဘက်ကအခြေအနေတွေကိုလည်း အက်ဖ်အေအိုက အပြစ်တင်ပါတယ်။ အဲဒီအပြင် ဘဏ္ဍာရေးဈေးကွက်မှာ ငွေပေါ်လွယ်မှုမြင့်မားနေတဲ့အကြား စွန့်စားရမယ့်အန္တရာယ်ကို ရှောင်ရှားလိုတာကြောင့် ရင်းနှီးမြှပ်နှံသူတွေဟာ အစားအသောက်ဈေးကွက်ထဲ ငွေတွေထည့်သွင်းလာ နေကြတာကလည်း ကုန်စည်ဈေးနှုန်းတွေကို မြင့်တက်လာစေပါတယ်။


#ကုန်ကြမ်းဈေးတွေတက်
အာရှက အစားအစာထုတ်လုပ်သူတွေဟာ ကုန်ကြမ်းဈေးတက်လာတာကိုကာမိနိုင်ဖို သူတိုရဲ့ထုတ်ကုန် ဈေးတွေကိုတက်ပစ်လိုက်ကြပါတယ်။ ဂျပန်၊တောင်ကိုးရီးယားနှင့်တရုတ်စတဲ့ အဓိက အစားအစာသွင်း တဲ့နိုင်ငံတွေမှာ ဒီအကျိုးဆက်ကိုမြင်နေကြရပြီဖြစ်ပါတယ်။ ဂျပန်က နစ်ရှင်ဆီမန်အုပ်စုဂျုံစက်ဟာ ဇူလိုင်လနောက်ဆုံးထားပြီး သူတိုရဲ့ ဂျုံထွက်စားကုန်တွေရဲ့ ဈေးကို ၂ရာခိုင် နှုန်းကနေ ၄ရာခိုင်နှုန်းအထိ တက်ပစ်ဖိုရှိနေပါတယ်။ ကုန်ကြမ်းဈေးတက်တာ၊ထောက်ပံ့ ပိုဆောင်ရေးနှင့်ထုတ်ပိုးစရိတ်တွေတက်လာတာကို သူတို စိုက်မပေးနိုင်တော့ဘူးလို ပြောကြပါတယ်။ အာဂျီနိုမိုတိုကလည်း သူတိုရဲ့ မယိုးနီးစ်ဆော့ကို ၁ရာခိုင်နှုန်းကနေ ၁၀ရာခိုင်နှုန်းအထိ လာမယ့်လမှာ ဈေးတက်မယ်လိုပြောပါတယ်။ စားသုံးဆီဈေးတွေက ပြီးခဲ့တဲ့လပိုင်းအတွင်းတက်လာတာကြောင့်လို သူတိုကဆိုပါ တယ်။ တောင်ကိုးရီးယားရဲ့ အကြီးဆုံးမုန့်တိုက်လုပ်ငန်းတွဲကြီးဖြစ်တဲ့ Paris Baguetteက ကုန်ကြမ်းဈေးတက် လိုဆိုပြီး သူတိုရဲ့ပေါင်မုန့် ဈေးနှုန်းကို ဖေဖော်ဝါရီလမှာ၅.၆ရာခိုင်နှုန်းတင်လိုက်ပါတယ်။ တရုတ်နိုင်ငံမှာ လည်းအချိုသော ပဲပိစပ်ဟင်းချက်ဆီတွေဟာ ဧပြီလမှာ ၂၀ရာခိုင်နှုန်းအထိတက်သွားခဲ့တယ်လိုသိရပါတယ်။

#မိအေးနှစ်ခါနာ

ဖိလစ်ပိုင်မှာလည်း ယခုနှစ်မှာ ငွေဖောင်းပွမှုမြင့်တက်လာပြီး စားသုံးသူဈေးနှုန်းအညွှန်းတွေဟာ မနှစ်က ထက်၄.၅ရာခိုင်နှုန်းတက်လာပြီး အစားအစာနှင့် အရက်မပါတဲ့ အဖျော်ယမကာဈေးနှုန်းက ၄.၆ရာခိုင် နှုန်း တက်လာပါတယ်။ မေဘဏ်ကင်အန်းရဲ့ စီးပွားရေးပညာရှင် ချွာဟက်ဘင်းကစားနပ်ရိက္ခာဈေးတွေတက်လာတာဟာ ကပ် ရောဂါဘေးက ပြန်နာလံထူမယ့် အာရှကို အဟန့်အတား ပိုဖြစ်စေလိမ့်မယ်လိုပြောကြားလိုက်ပါတယ်။ “စားသောက်ကုန် ဈေးတွေတက်လာတာဟာ နဂိုကတည်းက မပြေမပြစ်ဖြစ်နေတဲ့ စီးပွားရေးနာလံထူမှု ကို ပိုပြီးဆိုးရွားစေလိမ့်မယ်Ó လိုသူကဆိုပါတယ်။ ဝင်ငွေနိမ့်အိမ်ထောင်စုတွေနှင့် ဆင်းရဲတဲ့နိုင်ငံတွေဟာ သူတိုရဲ့ဝင်ငွေရဲ့ကြီးမားတဲ့အချိုးအစားကို စား စရာတွေအတွက်သုံးနေကြရလို သူတိုပိုထိခိုက်လိမ့်မယ်လို သူကပြောပါတယ်။ အဲဒီနိုင်ငံတွေဟာ ကိုဗစ် -၁၉ ကာကွယ်ဆေးကိုလည်း ခပ်နည်းနည်းပဲရလို စားသောက်ကုန်ဈေးနှုန်းမြင့်လာလို ဖြစ်ပေါ်လာမယ့် ဆိုးကျိုးကို ခုသာခံသာလုပ်ပေးနိုင်မယယ့် ဘဏ္ဍာရေးဆိုင်ရာအရင်းအမြစ်ကလည်း အကန့်အသတ်ဖြစ် နေတယ်လိုသူကဆက်ပြောပါတယ်။


#လယ်သမားတွေအကျိုးရှိမှာလား
အာရှကလယ်သမားတွေနှင့် စားသောက်ကုန်တင်ပိုသူတွေအတွက်တော့ ဈေးတွေတက်လာတာဟာ အကျိုးရှိစေမှာဖြစ်ပါတယ်။ “ လူသုံးကုန်တွေဈေးတွေတက်လာတာ အထူးသဖြင့်အစားအစာတွေတက်လာတာဟာ အင်အား ကြီးမားတဲ့ ပြန်လည်ဖြန့်ဝေမှုအကျိုးဆက်တစ်ခုရရှိလာလိမ့်မယ်။ ကျေးလက်တွေရဲ့ဝင်ငွေနှင့်အလုပ် အကိုင်အခွင့်အလမ်းတွေတိုးတက်လာမယ်Ó လို ချွားကပြောပါတယ်။
ထိုင်းဗဟိုဘဏ်ရဲအဆိုအရ ထိုင်းနိုင်ငံလယ်ယာတွေရဲ့ဝင်ငွေတွေဟာ အစိုးရကကျခံပေးတာတွေမပါဘဲ မနှစ်ကထက် ၁၄ရာခိုင်နှုန်းတက်လာတယ်လိုသိရပါတယ်။ ဒါဟာ လယ်ယာထွက်ကုန်တွေဈေးတက်လာ တာကြောင့်လိုဆိုပါတယ်။ထိုင်းဟာ ဆန်နှင့်သကြားအများဆုံးတင်ပိုနေတဲ့ နိုင်ငံတွေထဲကတစ်နိုင်ငံ ဖြစ်ပါတယ်။

#စိုက်ပျိုးထုတ်ကုန်ကုန်သွယ်လုပ်ငန်းတွေစိုပြည်
စင်္ကာပူအခြေစိုက် စိုက်ပျိုးကုန်သွယ်လုပ်ငန်းတစ်ခုဖြစ်တဲ့ ဝီလ်မာအင်တာနေရှင်နယ်က သူတိုရဲ့ အမြတ် ဟာ မနှစ်က ပထမလေးလပတ်ကနေ ယခုနှစ်လေးလပတ်အထိ တစ်နှစ်တာမှာ ဒေါ်လာသန်း၄၅၀ အထိ နှစ်ဆမြတ်လာတယ်လိုပြောပါတယ်။ သကြားနှင့် စားအုန်းဆီဈေးတက်သွားတာကြောင့်ဖြစ်ပါတယ်။ စားအုန်းဆီဈေးတွေဆက်တက်နေတာက ကျွန်တော်တိုရဲ့ စားအုန်းဆီစိုက်ပျိုးရေးလုပ်ငန်းတွေကို လာမယ့်လတွေမှာ အကျိုးအမြတ်ရရှိစေမှာဖြစ်ပါတယ် လိုသူတိုကပြောပါတယ်။ ဒါပေမယ့် အချိုအာရှစီးပွားရေးနိုင်ငံတွေမှာဖြစ်ပေါ်နေတဲ့ နာတာရှည်ကပ်ရောဂါကြီးနှင့် ဆိုးရွာလာနေ တဲ့ ကူးစက်မှုအရေအတွက်တွေက စားနပ်ရိက္ခာရောင်းအားဝယ်အားအပေါ် အကျိုးသက်ရောက်မှုရှိလာ မှာြဖစ်ပြီး ဈေးနှုန်းအပေါ်အမြင်တွေဟာ ရှုပ်ထွေးလာပါလိမ့်မယ်။
#စားသောက်ကုန်ဈေးတွေဆက်တက်ဖိုများ
Òစားသောက်ကုန်ဈေးတွေက ဆက်တက်နေဦးမှာပဲ။ဘာဖြစ်လိုလဲဆိုတော့ ထောက်ပံ့ရေးကွင်းဆက်တွေ ပြတ်တောက်နေတာနှင့် စိုက်ပျိုရေးအခြေခံတဲ့နိုင်ငံတွေမှာ မကြာခဏဆိုသလို လော့ခ်ဒေါင်းလုပ်နေရ တာတွေကြောင့်ဖြစ်တယ်Ó လို ချွားကပြောပါတယ်။ ဥပမာတစ်ခုပြရရင် စားအုန်းဆီအဓိကတင်ပိုနေတဲ့ မလေးရှားဖြစ်ပါတယ်။ မလေးရှားမှာ ဗိုင်းရပ်စ်ကူးစက်သူတွေများနေလို ဇွန်၁ရက်က စပြီး စက်ရုံတွေ ပိတ်ထားနေရပါတယ်။


#အလွန်အကျွံဈေးကစားကြမှာလား
အခြားတစ်ဖက်မှာတော့ လူသုံးကုန်ပစ္စည်းတွေရဲ့ အနာဂတ်ဈေးကွက်မှာ တက်လမ်းကြောင်းဟာ မေလ ကုန် လောက်ကစပြီး နှေးကွေးသွားတယ်ဆိုတာပြသနေပါတယ်။ ကုန်သွယ်ရေးဒိုင်ရဲ့ချီကာဂိုဘုတ်အဖွဲ မှာ ဂျုံစေ့(၈)ဂါလံဝင်ပုံးတစ်ပုံးကို ခုနှစ်ဒေါ်လာခွဲရှိနေရာမှ ဇွန်လဆန်းမှာ ၆.၈ဒေါ်လာပဲရှိပါတော့တယ်။ ပြောင်းနဲ့ပဲပိစပ်တွေရဲ့ အနာဂတ်ဈေးကွက်ကလည်း အဲသလိုပဲရှိခဲ့ပါတယ်။


ဈေးတွေ တက်လိုက်ကျလိုက်ဖြစ်နေတဲ့အပေါ် တရုတ်အာဏာပိုင်တွေ အလွန်အကျွံဈေးကစားတာမျိုး တွေမဖြစ်အောင် လူသုံးကုန်းပစ္စည်းဈေးကွက်အပေါ် အထူးအာရုံထားနေပါတယ်။ တရုတ်လုံခြုံရေး စည်းမျဉ်းထိန်းသိမ်းရေးကော်မရှင်က အရာရှိတစ်ဦးက လူသုံးကုန်ပစ္စည်းဈေးကွက်က ဈေးနှုန်းတွေကို ပိုမိုထိန်းချုပ်နိုင်ဖိုအတွက် သူတိုကော်မရှင်ဟာ အခြားအစိုးရဌာနတွေနဲ့ ပူးပေါင်းဆောင် ရွက်မယ် လို မေလကုန်လောက်က သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။
Ref: Nikkei Asia: Decade-high food prices hit Asian consumers and businesses