![](/images/2.world/xhttps_3A_2F_2Fcloudfront-us-east-2.images.arcpublishing.com_2Freuters_2FPMNZLGPA65MABF3O2EY4OGWOPI.png.pagespeed.ic.KgKIttLUXU.jpg)
#Just_In_News
၂၄ ဇူလိုင် ၂၀၂၄
နီပေါနိုင်ငံ ဆာရူယာလေကြောင်းလိုင်းဟာ ဇူလိုင် ၂၄ ရက်နေ့က မြို့တော်ကတ္တမန်ဒူမှ ပျံအတက်တွင်ပျက်ကျပြီး မီးလောင်သဖြင့် အနည်းဆုံး လူ ၁၈ ဦးသေဆုံးခဲ့ရပါတယ်။
အဲဒီလေယာဉ်ပျံဟာ ပြီးခဲ့တဲ့ဇန်နဝါရီက ဖွင့်လှစ်ခဲ့တဲ့ နီပေါ်နိုင်ငံရဲ့ လေဆိပ်အသစ် ပိုခါရာမှာ ပုံမှန်ပြုပြင် ထိန်းသိမ်းမှုလုပ်ဖို့အတွက် လေယာဉ်အမှုထမ်း နှစ်ဦးနှင့် ကျွမ်းကျင်သူ ၁၇ဦးတင်ဆောင်ကာ ပျံတက်စဉ်မှာ ပျက်ကျခဲ့ရတာဖြစ်တယ်လို့ အရာရှိတွေကပြောပါတယ်။
လေယာဉ်မှူးက အသက်ရှင်တယ်။ ဆေးရုံတင်လိုက်တယ်” လို့ ကတ္တမန်ဒူ ထရိုင်ဗူဗန်နိုင်ငံတကာလေဆိပ်ရဲ့ ပြောရေးဆိုခွင့်ရသူ တက်ဘဟာဒါပိုဒဲလ်ကပြောပါတယ်။
လေယာဉ်ပျက်ကျမှုကြောင့်လေဆိပ်ကိုခေတ္တပိတ်ခဲ့ရပါတယ်။
ပျက်ကျတဲ့လေယာဉ်ဟာ ထိုင်ခုံ၅၀ဆန့် CRJ200 အမျိုးအစားဖြစ်တယ်လို့ လေကြောင်းလိုင်းကပြောပါတယ်။
နီပေါနိုင်ငံဟာ လေကြောင်းအန္တရာယ်ကင်းရှင်းမှုအားနည်းတယ်လို့အဝေဖန်ခံနေရပါတယ်။ ၂၀၀၀ပြည့်နှစ်ကတည်းက ယခုအထိလေယာဉ်ပျက်ကျမှုကြောင့်သေဆုံးသူတွေ ၃၅၀ ဦးနီးပါးရှိခဲ့ပြီဖြစ်ပါတယ်။ ယခုပျက်ကျမှုမတိုင်ခင် နောက်ဆုံး ဖြစ်ခဲ့တာက ၂၀၂၃ဇန်နဝါရီမှာဖြစ်ပြီး ရတီလေကြောင်းလိုင်း လေယာဉ်မှူးဟာ မတော်တဆ အင်ဂျင်ကိုပိတ်မိရာမှလေယာဉ်ပျက်ကျခဲ့လို့ ၇၂ဦး အနည်းဆုံးသေဆုံးခဲ့ရပါတယ်။
Source Reuters
- Category: World
- Hits: 69

- Hits: 14
![](/images/5.business/1663921670_2.jpg.pagespeed.ce.wj6elEospu.jpg)
၂၃ ဇူလိုင် ၂၀၂၄
ရုရှားနိုင်ငံရဲ့ ငွေချေစနစ် ဖြစ်တဲ့ Mir ကို မြန်မာနိုင်ငံမှာ အကန့်အသတ်နှင့်စတင်အသုံးပြုနေပြီလို့ မြန်မာနိုင်ငံအခြေစိုက်ရုရှား သံရုံးရဲ့ပြောကြားချက်ကိုကိုးကားပြီး TASS သတင်းဌာနကရေးသားပါတယ်။
မြန်မာနိုင်ငံမှာ အချို့သောစားသောက်ဆိုင်တွေနှင့် ဈေးဝယ်စင်တာတွေမှာရုရှားငွေချေကတ် Mir ကို အကန့်အသတ်နှင့် စတင် အသုံးပြုနေတာဖြစ်တယ်လို့ ရုရှားသံရုံးကပြောပါတယ်။
“ယခုလောလောဆယ်မှာ Mir card စနစ်ကို မြန်မာနိုင်ငံမှာရှိတဲ့ အချို့စားသောက်ဆိုင်တွေနှင့် ဈေးဝယ်စင်တာတွေမှာ ကန့်သတ်သုံးစွဲမှုတွေစတင်နေပါပြီ။ မကြာခင်မှာ ထပ်မံတိုးချဲ့အသုံးပြုနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒီလိုသုံးတဲ့ အတွက် ကမ္ဘာလှည့်ခရီးသွားတွေအတွက် အကျိုးရှိပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာရှိနေကြတဲ့ ရုရှားနိုင်ငံသားတွေအတွက်လည်း နေရထိုင်ရ ပိုအဆင်ပြေပါလိမ့်မယ်” လို့ သံရုံးကပြောကြားပါတယ်။
မြန်မာနိုင်ငံဟာ ရုရှားရဲ့ Mir card ကိုသုံးစွဲတဲ့ ၁၃နိုင်ငံမြောက်ဖြစ်ပါတယ်။ အခြားသော နိုင်ငံ(၆)နိုင်ငံကလည်း အသုံးပြုနိုင်ဖို့ ဆွေးနွေးမှုတွေလုပ်ဆောင်ရေး အဆင်သင့်ဖြစ်နေကြကြောင်းသတင်းမှာဖော်ပြထားပါတယ်။
Source TASS
- Category: Myanmar
- Hits: 82
၁၄ ဇူလိုင် ၂၀၂၄
နိုင်ငံပေါင်း ၂၆နိုင်ငံပါဝင်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCOနိုင်ငံတွေရဲ့ မီဒီယာကိုယ်စားလှယ်အဖွဲ့ဟာ ဇူလိုင်လ (၂)ရက်နေ့က ရှန်ဟိုင်းမြို့က Hozon New Energy Auto ကုမ္ပဏီကိုသွားရောက်လေ့လာခဲ့ကြပါတယ်။
အဆိုပါမီဒီယာကိုယ်စားလှယ်အဖွဲ့မှာ မြန်မာနိုင်ငံမှ YMG လည်းပါဝင်ပါတယ်။
Hozon New Energy Auto ဆိုတာ NETA အမှတ်တံဆိပ်လျှပ်စစ်ကားတွေထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပါတယ်။
NETA လျှပ်စစ်ကားတွေဟာ မြန်မာနိုင်ငံမှာလည်း ရောင်းချနေပါတယ်။
NETA ကားပြခန်းမှာ သူတို့ထုတ်ထားခဲ့တဲ့ လျှပ်စစ်ကား မော်ဒယ်လ် ၅ မျိုးစလုံးကိုခင်းကျင်းပြသထားပါတယ်။
မီဒီယာအဖွဲ့တွေ စိတ်ဝင်တစားလေ့လာခဲ့ကြပြီး မေးခွန်းတွေလည်း မေးမြန်းခဲ့ကြပါတယ်။
- Category: China_Myanmar
- Hits: 76
#Daily_News
Published 05 July 2024
၁။ ဆန်များအိမ်အရောက်ပို့ပေးသည်ဆိုပြီး ငွေကြေးလိမ်လည်မှုများရှိနေ
၂။ ရခိုင်မှအုန်းဆီရရှိမှုမရှိတော့၍ ဈေးကွက်တွင်းအုန်းဆီပြတ်လတ်နေ
၃။ ရူပီးနှင့်ကျပ်ငွေ ကုန်သွယ်မှုငွေပေးချေရေးယန္တရား စတင်ဆောင်ရွက်နေပြီး ပို့ကုန်သမားများအဆင်ပြေ
၄။ တရုတ်-ရုရှားနှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတန်ဖိုးအား ဆက်လက်ထိန်းသိမ်းသွားရန် ရှီကျင့်ဖင်ပြော ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
- Category: Myanmar
- Hits: 59
၂၃ ဇွန် ၂၀၂၄
တရုတ်နည်းပညာကုမ္ပဏီကြီး ဟွာဝေးက တရုတ်နိုင်ငံ တောင်ပိုင်း ဒေါင်ဂွမ်မြို့မှာကျင်းပတဲ့ ယင်းရဲ့ နှစ်ပတ်လည် developer ဒက်ဗလိုပါ ကွန်ဖရင့်မှာ နယ်ပယ်စုံသုံးလို့ရမယ့် ဉာဏ်ရည်တုနည်းပညာ အသုံးချမှု အသစ်တွေကို စတင်မိတ်ဆက်လိုက်ပါတယ်။
Source CCTV+
အမေရိကန်က ချစ်ပ်ပြားများတင်ပို့မှုပိတ်ပင်လိုက်ချိန်တွင် ဟွာဝေးက ဉာဏ်ရည်တုနည်းပညာအသစ်များ ထုတ်ဖော်ပြသ
- Category: China_Myanmar
- Hits: 139
၁၆ ဇွန် ၂၀၂၄
တရုတ်နိုင်ငံမှ ပုဂ္ဂလိက အာကာသကုမ္ပဏီတစ်ခုဟာ ထိုင်းတက္ကသိုလ်တစ်ခုနှင့် ပုးပေါင်းပြီး ပတ်လမ်းနိမ့် ဂြိုဟ်တု အင်တာနက် လှိုင်းကျယ်ဆက်သွယ်ရေး ကွန်ယက်တစ်ခုကို ထိုင်းနိုင်ငံမှာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။
ဒါဟာ တရုတ်နိုင်ငံရဲ့ ပတ်လမ်းနိမ့် လှိုင်းကျယ် ဂြိုဟ်တုအင်တာနက်စနစ်တစ်ခုကို နိုင်ငံရပ်ခြားမှာ ပထမဦးဆုံးအဖြစ် စမ်းသပ်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
Source CCTV+
- Category: World
- Hits: 143