#Daily_News
Published_ 28 September 2023
၁။ လေဖိအားနည်းဆဲလ်ကြောင့် ရန်ကုန်နှင့်ဒေသအချို့တွင် မိုး(၆)ရက်သည်းနိုင်
၂။ ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ဝင်ကြေး အောက်တိုဘာ ၁ ရက်မှစတင် တိုးကောက်မည်၊လည်ပတ်ချိန် ၃ ရက်အတွက်သာဖြစ်ဟုဆို
၃။ ဘင်္ဂလားဒေ့ရှ်မှ ဂျင်းဝယ်လိုအား လာမယ့်အောက်တိုဘာလကုန်မှသာ ပြန်ရှိနိုင်မည်
၄။ ဗီယက်နမ်မှ(၁၉)ကြိမ်မြောက် ဆောင်းဦးလယ်အလှပြယာဥ်စီတန်းလှည့်လည်ပွဲကြီး စနေနေ့ကစတင်ကျင်းပ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
- Category: Myanmar
- Hits: 14
#Daily_News
Published_ 27 September 2023
၁။ ရွှေတိဂုံသို့ နေ့စဉ်နိုင်ငံခြားသားခရီးသွား(၂၀၀)မှ (၃၀၀)ဦးခန့် ဝင်ရောက်၊ အာရှခရီးသွားများအများဆုံးလာရောက်ဟုဆို
၂။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများအနေဖြင့် လူနာများထံက ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ထပ်ဆောင်း ကောက်ခံတာမျိုး လုံးဝမပြုလုပ်ဖို့ပြည်တွင်းအခွန်များဦးစီးဌာနအသိပေး
၃။ မန္တလေးတွင် ဆန်များကိုဈေးလျှော့ရောင်း၊ ဧည့်မထဆန်တစ်ပြည်(၂၅၀၀)ကျပ်ဖြင့် ဆိုင်ပေါင်း(၅၃)ဆိုင်၌ ရောင်းချပေးနေဟုဆို
၄။ တရုတ်နိုင်ငံ၏(၁၃)ကြိမ်မြောက် သိပ္ပံစူးစမ်းလေ့လာရေးခရီးစဉ်တွင် ရေငုပ်သံလိုက်ဓာတ်ကိရိယာပစ္စည်း(၇)ခုကို ပင်လယ်ကြမ်းပြင်၌နေရာချတိုင်းတာနိုင်ခဲ့.... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
- Category: Myanmar
- Hits: 10
#Daily_News
Published_ 26 September 2023
၁။ ပုဂံစေတီပုထိုးများနှင့် ပုံစံတူဖန်တီးထားသည့် ပုဂံစေတီပုထိုးပုံစံငယ်ဝါးနှီးလက်ရာများ လူကြိုက်များပြီးဈေးကွက်ရလာ
၂။ ရှမ်းပြည်ထွက်သီးနှံအချို့ဈေးမြင့်လာပေမယ့် ရန်ကုန်ဈေးကွက်တွင်အရောင်းသွက်နေ
၃။ ‘အာဆီယံ-ပရီတိုးရီယားရုပ်ရှင်ပွဲတော်’နှင့် ‘ဟောင်ကောင်ပါဖောင့်မန်အနုပညာကုန်စည်ပြပွဲ’တွင်ပါဝင်ရန် ဖိတ်ခေါ်ထား
၄။ အမေရိကန်ရှိကော်ပိုရေးရှင်းများ ဒေဝါလီခံရမှု စံချိန်တင်မြင့်မားလာ.... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
- Category: Myanmar
- Hits: 14
#Daily_News
Published_ 25 September 2023
၁။ တိုက်ကြီးမြို့နယ်တွင် ငလျင်(၈)ကြိမ်လှုပ်ခဲ့၊ ပန်းတစ်ပွင့်တောင်ရှိ အဆောက်အဦးများထိခိုက်ခဲ့သော်လည်း ဖူးကြီးရေလှောင်ကန်မထိခိုက်
၂။ အောက်တိုဘာ ၁ ရက်ကစပြီး ပြည်ပရောက် မြန်မာများ၏ လစာအပေါ်အခွန်ကောက်ခံတော့မည်
၃။ ယခုတစ်ပတ် စားအုန်းဆီရည်ညွှန်းဈေးအနည်းငယ်ကျဆင်း၊ ဒေသ(၁၃)ခုတွင် ရည်ညွှန်းဈေးအတိုင်းရောင်းချပေးထားဟုဆို
၄။ တရုတ်လျှပ်စစ်ကားထုတ်လုပ်ရေး BYD အရှေ့တောင်အာရှဈေးကွက်တိုးချဲ့နေ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
- Category: Myanmar
- Hits: 15

၁၇ စက်တင်ဘာ ၂၀၂၃
ထိုင်းနိုင်ငံ အနောက်ပိုင်း ဆန်ခလာပူရီ ခရိုင်တွင် စက်တင်ဘာ ၁၆ရက်စနေနေ့က မြန်မာအမျိုးသမီးတစ်ဦးကို M16 ကျည်ခွံ ၉၂၀ ခုနှင့် M16 ခဲယမ်းများတပ်ဆင်ထားတဲ့ ကျည်ကပ် ၂၄ ခုနှင့်အတူ ဖမ်းဆီးမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာသတင်းဖော်ပြထားပါတယ်။
ဆန်ခလာပူရီခရိုင်၊ တမ်ဘွန်နွန်လူရှိ Moo 2 ရွာမှာရှိတဲ့ ပုဂ္ဂလိကပိုင် ပစ္စည်းပို့ကုမ္ပဏီတစ်ခုကို ရဲတွေက အပြေးအလွှားစီးနင်းခဲ့တာပါ။ ကုမ္ပဏီ ရုံးခန်းကို မသင်္ကာစရာ အထဲမှာ ကျည်ဆံတွေလို့ယူဆရတဲ့ ပါဆယ်တစ်ထုတ်ရောက်နေတယ်လို့ ဝန်ထမ်းတစ်ဦးက ပြောတာ ကြောင့် ရဲတွေရောက်ရှိခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ ပါဆယ်ထုတ်က အပေါက်ကလေးတစ်ခုကနေ အတွင်းကိုကြည့်လိုက်တဲ့အခါ သတ္တုပစ္စည်းတွေတွေ့ရတယ်လို့ အဆိုပါဝန်ထမ်းကပြောပြပါတယ်။
အဆိုပါပါဆယ်ထုပ်မှာ မမ်ဘွန်နွန်လူ Moo 2 ရွာ အိမ်နံပါတ် ၂၄၁ ကိုလိပ်မူထားပြီး ပွန်တစ်လို့ အမည်ပေးထားသူက ချွန်ပူရီပြည်နယ် ဘန်ဘမ်းခရိုင် တမ်ဘွန်နွန်ဆက်လိပ်စာနှင့် ပေးပို့တာဖြစ်ပါတယ်။
ပါဆယ်အတွင်းမှာ ယမ်းတောင့် ၅၀တောင့်စီပါတဲ့ ဘူး ၁၈ခုနှင့် ယမ်းတောင့် ၂၀ပါတဲ့ ဘူးတစ်ဘူးကို ထည့်ထားပါတယ်။ အစမှာ ကျည်ဆံတွေလို့ထင်ပေမယ့် စစ်ကြည့်တဲ့အခါ အခု ၉၂၀ ဟာ M16 ကျည်ခွံတွေဖြစ်နေပါတယ်။ ပါဆယ်ထုတ်ထဲမှာ ကျည်ကပ် ၂၀ခုကိုလည်းတွေ့ရပြီး တစ်ခုဆီမှာ M16 ကျည်တောင့် ၂၀ခုထည့်ထားပါတယ်။ နောက်ထပ် ကျည်ကပ် (၄)ခုမှာတော့ M16 ကျည်တောင့် ၃၀ခုဆီထည့်ထားပါတယ်။
ရဲတွေဟာ ကုမ္ပဏီဝန်ထမ်းနှီင့်အတူ ပါဆယ်ထုတ်လက်ခံမယ့် အိမ်ကိုသွားပြီး ရဲတွေက မလှမ်းမကမ်းကနေ စောင့်ကြည့်ခဲ့ကြပါတယ်။ ည (၇)နာရီခန့်မှာ အမျိုးသမီးတစ်ဦးထွက်လာပြီး ပါဆယ်ကို လာယူပါတယ်။ အဲဒီအခါ သူမကိုဖမ်းဆီးပြီး စစ်ဆေးမေးမြန်းဖို့ ရဲစခန်းကို ခေါ် ဆောင်သွားခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
အမျိုးသမီးက သူ့ကိုယ်သူ မြန်မာနိုင်ငံမှ မွန်လူမျိုးဖြစ်တယ်လို့ သက်သေခံပါတယ်။ သူမရဲ့မူရင်းအမည်ဟာ ပွန်တစ်ဖြစ်ပြီး ထိုင်းနိုင်ငံမှာ တရားမဝင် ၁၃နှစ်ကြာနေထိုင်နေသူဖြစ်ပါတယ်။
သူမကတော့ ပါဆယ်ဟာ သူမပစ္စည်းမဟုတ်ကြောင်းနှင့် အိမ်ရှေ့မှာထားခဲ့လို့ဘာလဲကြည့်ချင်လို့ ထွက်ယူတာဖြစ်တယ်လို့ ငြင်းဆိုထား ပါတယ်။
အဲဒီအမျိုးသမီးကို ဆက်လက်စုံစမ်းမေးမြန်းစရာတွေရှိလို့ ရဲကဆက်လက်ထိန်းသိမ်းထားပါတယ်။ သူမကို ကနဦးအနေနှင့် ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှုနှင့် ခွင့်ပြုချက်မရှိဘဲ လက်နက်ခဲယမ်းများလက်ဝယ်ထားရှိမှုတို့နှင့် အမှုဖွင့်ထားပါတယ်။
- Category: Myanmar
- Hits: 207
#Daily_News
Published_ 16 September 2023
၁။ လာမည့်အောက်တိုဘာတွင် မန္တလေးရှိယဉ်ကျေးမှုဇုန်(၂)ခု၌ ဇုန်ဝင်ကြေးတိုးကောက်တော့မည်ဟုဆို
၂။ ရွှေတိဂုံရှိ X-Rayစက်များ စက်ချို့ယွင်းမှုများလာသဖြင့် X-Rayစက်အသစ်(၅)လုံးဝယ်ယူပြီးတပ်ဆင်သွားမည်ဟုဆို
၃။ ပြည်တွင်း ပြည်ပဝယ်လိုအားကြောင့် မြေပဲဈေးထက်ဝက်ခန့်ပိုမြင့်လာ
၄။ ဗီယက်နမ်စစ်ပွဲအတွင်းအမေရိကန်စစ်တပ်မှအသုံးပြုခဲ့သည့်ဗုံးအစအနများ ယနေ့ထက်တိုင်ဗီယက်နမ်ပြည်သူများကိုခြိမ်းခြောက်နေ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
- Category: Myanmar
- Hits: 24

၁၅ စက်တင်ဘာ ၊ ၂၀၂၃
နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal AlongkornVannarot နှင့် တွေ့ဆုံကာ မြန်မာ့တပ်မတော် (လေ)နှင့် ထိုင်းဘုရင့်လေတပ်အကြားပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေတွေကိုဆွေးနွေးခဲ့ကြပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီးစီးခဲ့သည့် (၂၀)ကြိမ်မြောက်အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံ 20th AACCသို့တက်ရောက်ခဲ့သည့် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့အား ယနေ့ စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့တာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးနှင့် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် တို့ဟာ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာ့တပ်မတော် (လေ)နှင့် ထိုင်းဘုရင့်လေတပ်အကြားပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာ-ထိုင်းတပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး(HLC)နှင့် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြား ကော်မတီအစည်းအဝေး(RBC) ကို နှစ်စဉ်ဆောင်ရွက်နေမှုအခြေအနေများ၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ချစ်ကြည်ရေးခရီးစဉ်များလည်ပတ်ရေး ဆိုင်ရာကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့် လေတပ်ဦးစီးချုပ်နှင့်အတူ ထိုင်းဘုရင့်လေတပ်မှတပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာထိုင်းဘုရင့်လေတပ်စစ်သံမှူးတို့ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
-ymg/knl/
- Category: Myanmar
- Hits: 56