Published_ 9 August 2023
မိမိမှာဆော်ဒီကလပ်အယ်အီတီဖတ်အသင်း၏နည်းပြဖြစ်နေသော်လည်း လီဗာပူးတိုက်စစ်မှူး မိုဟာမက်ဆာလာကို လီဗာပူးအသင်းတွင် ဆက်လက်ကစားစေချင်ကြောင်း အင်္ဂလန် ဂန္ထဝင်ကစားသမားစတီဗင်ဂျရတ်ကဖွင့်ဟပြောဆိုခဲ့သည်။
အခြား ဆော်ဒီ ကလပ်တစ်ခုဖြစ်သောအယ်လ်အီတီဟတ်အသင်းက ငွေကြေးမြောက် မြားစွာဖြင့် ကမ်းလှမ်းမည်ဟု သတင်းများထွက်ပေါ်လျက်ရှိပြီးဆာလာအနေဖြင့်ဖာမီနို၊ဟန်ဒါဆင်နှင့် ဖာဘင်ဟိုတို့ကဲ့သို့ဆော်ဒီလိဂ်တွင် သွားရောက် က စားမည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်လျက်ရှိသည်။
ဆော်ဒီအစိုးရက ကျောထောက်နောက်ခံပေးထားသော လိဂ်ပြိုင်ပွဲတွင် ရော်နယ်ဒို၊ ဘင်ဇီးမား တို့ပြီးလျင် ဆာလာမှာလည်း ထိပ်တန်းအဆင့်ကစားသမားအဖြစ်ပြောင်းရွှေ့လာနိုင်သည်ဟု သုံးသပ်နေကြခြင်းဖြစ်သည်။
သို့ရာတွင် အင်တာဗျူးတစ်ရပ်၌ ဆာလာမှာ မိမိအကြိုက်ဆုံးကစားသမားတစ်ဦးဖြစ်ပြီး လီဗာပူးမှာမိမိချစ်မြတ်နိုးသောကလပ်ဖြစ်သဖြင့် လီဗာပူးတွင်ဆက်လက်ကစား စေလိုကြောင်း ဂျရတ်ကဖြေကြားခဲ့သည်။
ဟန်ဒါဆင်ကိုခေါ်ယူခဲ့ခြင်းမှာမူ အယ် အီတီဖက်အသင်းကို ထိပ်တန်းအဆင့်တွင်ဦးဆောင်နိုင်သောခေါင်းဆောင်တစ်ဦး ရှိနေရန်လိုအပ်သဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။
အခြားသတင်းတစ်ရပ်တွင်လီဗာပူးအသင်းကခေါ်ယူရန်ချိတ်ဆက်နေသော ကွင်းလယ်လူ လာဗီယာ အား ဆောက်သမ်တန်အသင်း၏လူစာရင်းမှဖယ်ရှားထားလိုက်ပြီး ကစားသမားမှာလည်းအလျင်အမြန်ပြောင်းရွှေ့လိုနေကြောင်းသိရသည်။
Ref ; This is Anfield
#World_Sport
#YMG #Yangon_Times
- Category: World
- Hits: 136
Published_ 8 August 2023
၂၀၂၃ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာမန်စီးတီးအသင်းကို အနိုင်ရခဲ့တာဟာ ယခုအချိန်အထိသူ့ရဲ့ နည်းပြဘဝမှာ အမြင့်ဆုံးမှတ်တိုင်တစ်ခုဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ဝမ်းမြောက်ဝမ်းသာ ပြောကြားခဲ့ပါတယ်။
သြဂုတ် ၆ ရက်ကယှဉ်ပြိုင်ခဲ့တဲ့ မန်စီးတီးနဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်မှာဒုတိယပိုင်းထပ်ဆောင်း အချိန်ပို ၁၁မိနစ်အရောက်မှ အာဆင်နယ်က ချေပဂိုးသွင်းယူနိုင်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရကာကွန်မြူနတီဒိုင်းကိုပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
အခုလိုအနိုင်ရခဲ့တာဟာပြီးခဲ့တဲ့ ၂ ကြိမ်ဝင်ဘလေမှာအနိုင်ရခဲ့တာထက်ပိုကောင်းကြောင်း၊ အနိုင်ရပြီးနောက် အာဆင်နယ်ပရိသတ်၊ မိတ်ဆွေတွေနဲ့ မိသားစုတွေရဲ့ပျော်ရွှင်နေတဲ့ မျက်နှာတွေကို ကြည့်ရတာ အလွန်ကြီးကျယ်ခမ်းနားကြောင်း၊ဝင်ဘလေမှာ ကမ္ဘာ့အကောင်းဆုံးအသင်းကိုအနိုင်ရခဲ့ထက်ပိုကောင်းတာ မရှိနိုင်ကြောင်း အာတီတာကဖွင့်ဟခဲ့ပါတယ်။
ဒါအပြင် ဖိအားပြင်းထန်တဲ့ အခြေအနေတွေမှာအသင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ ခံနိုင်ရင်ရှိမှုကိုလဲသူကချီးကျူးပြောကြားခဲ့ပါတယ်။
ဆက်လက် အလုပ်လုပ်ဖို့နဲ့ ခြေစွမ်းကောင်းကိုဆက်လက်ထိန်းသိမ်းဖို့လိုကြောင်း၊ လာမယ့်စနေနေ့မှာ အလွန်ခက်ခဲပြီး ပြင်းထန်တဲ့ပွဲစဉ်တစ်ပွဲကိုယှဉ်ပြိုင်ရဦးမှာဖြစ်ကြောင်း အာတီတာက ပြောကြားခဲ့ပါတယ်။
သြဂုတ် ၁၂ ရက် စနေနေ့မှာတော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ်နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းမှာလက်ခံယှဉ်ပြိုင်ကစားရမှာပါ။
ဆက်စပ်သတင်းတစ်ရပ်မှာတော့အာဆင်နယ် အသင်းဟာဒီရာသီပရီးမီးယားလိဂ်ဖလားကိုအနိုင်ရဗိုလ်စွဲနိုင်တယ်လို့ အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူး ဂယ်ရီလိုင်နီကာက တစ်ကြိုခန့်မှန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
Ref; Daily Cannon
#YMG #Yangon_Times
- Category: World
- Hits: 117
Published_ 8 August 2023
ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းက ဘာစီလိုနာ တိုက်စစ်မှူး အန်ဆူ ဖာတီကို ကမ်းလှမ်း ပြင်ဆင်နေပြီး နည်းပြလူးဝစ်အင်းနရစ်ကလည်း ခေါ်ယူရန်စိတ်အားထက်သန်နေသည်ဟု သိရသည်။
ပီအက်စ်ဂျီသည် ယခုနွေရာသီအပြောင်းအရွှေ့တွင် တိုက်စစ်မှူး အမ်ဘာပေအား ဆုံးရှုံးရမည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီး မက်ဆီကိုလည်း ထွက်ခွာခွင့် ပြုခဲ့ရသည့်အပြင် နေမာမှာလည်း ထွက်ခွာမည့် ကောလဟလများ ထွက်ပေါ်လျက်ရှိသည် ။
လက်ရှိတွင် ပီအက်စ်ရီသည် တိုက်စစ်ကစားသမားဒမ်ဘီလီအားဘာစီလိုနာမှခေါ်ယူထားပြီး ဘင်ဖီကာမှ ကွန်ကာလိုရာမို့စ် နှင့် ဖရန့်ဖတ်မှ မူတာနီရို့ကိုလည်းငွေကြေး မြောက်မြားစွာဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေသည်။
ယခုနွေရာသီအစောပိုင်းက အသင်းမှထွက်ခွါရန် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း စပိန်လက်ရွေးစင်ဖာတီက အသင်းတွင်ဆက်လက်နေလိုကြောင်း ပြောခဲ့သဖြင့်သတင်းများငြိမ်သက်သွားးခဲ့သည်။
နည်းပြဇာဗီ အနေဖြင့် ဖာတီအား ပွဲထွက်ကစားခွင့် ပိုပေးရန် စီစဉ်နေကြောင်းလည်း ဖွင့်ဟ ပြောကြားခဲ့သည်။
အခြားသတင်းတစ်ရပ်တွင် ဘာစီလိုနာအနေဖြင့် ဘရာဇီးကလပ်အက်သလက်တီကိုပါရန်နီးစ်မှလူငယ်တိုက်စစ်မှူးဗစ်တာရော့ကေးကို ခေါ်ယူရန် လာမည့်ဇန်နဝါရီ အတိစောင့်ဆိုင်းရဖွယ်ရှိနေသည်ဟုသိရသည်။
မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားကိုခေါ်ယူရန် ပစ်မှတ်ထား နေသော်လည်း မန်စီးတီးက အသင်းတွင်ဆက်လက် ထိန်းသိမ်းထားရှိလိုနေသည်။
Ref: Blaugranes
#YMG #Yangon_Times
- Category: World
- Hits: 94
#Local_Sport
Published-6-8-2023
ရာသီကြိုခြေစမ်းပွဲစဉ်တွေက အသင်းရဲ့ ခြေစွမ်းကို ကျေနပ်အားရပေမယ့်ကြီးမားတဲ့အားနည်းချက် တွေကိုပြုပြင်ရဦးမယ်လို့ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီကဆိုလိုက်ပါတယ်။ရီးရဲလ်အသင်းဟာ ရာသီကြို အဖွင့်ပွဲစဉ်မှာ အေစီမီလန်ကို ၃-၂ နဲ့အနိုင်ရပြီး မန်ယူကို၂-၀နဲ့ ဆက်နိုင်ခဲ့ပေမယ့် နောက်ပွဲစဉ်တွေမှာ ဘာစီလိုနာကို ၀-၃၊ ဂျူဗင်တပ်ကို ၁-၃ ဂိုးတွေနဲ့အသီးသီး ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။ နောက်ဆုံး၂ပွဲမှာ ၆ ဂိုးအထိ ပေးခဲ့ရတဲ့အတွက် ခံစစ်ပိုင်းကို အဓိကထားပြင်ဆင်ဖို့လိုကြောင်း နည်းပြ က၀န်ခံပြောဆိုပါတယ်။
"တိုက်စစ်ပိုင်းအလွန်ကောင်းပေမယ့် ခံစစ်ပိုင်းလိုအပ်ချက်တွေရှိနေတဲ့အတွက် ဘာစီလိုနာနဲ့ ဂျူဗင်တပ် တို့ကို ၃ ဂိုးစီ ပေးခဲ့ရတာကိုပြုပြင်ဖို့လိုပါတယ်။နေရာယူမှု၊ အာရုံစူးစိုက်မှုနဲ့ စိတ်ခံယူချက်တွေကို ပြင်ဆင်ရမှာပါ။ဒီအချက်တွေမှာ ဟန်ချက်မညီ ဖြစ်နေပါတယ်"လို့အန်ဆယ်လော့တီက ဆိုပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာလာလီဂါအဖွင့်ပွဲစဉ်အဖြစ် ဩဂုတ်၁၂ရက် ကျရင်အဝေးကွင်းမှာ ဘီလ်ဘာအိုနဲ့ရင်ဆိုင်ရမှာပါ။အန်ဆယ်လော့တီကတော့ အသစ်ပြင်ဆင်လေ့ကျင့်နေတဲ့ ၄-၁-၂-၁-၂ ကစားကွက်ကို ဆက်သုံးစွဲဦးမယ်လို့ ပြောပါတယ်။အခြားသတင်းတစ်ရပ်မှာတော့ ရီးရဲလ်မက်ဒရစ်ကို ၂၀၂၄ ခုနှစ်မှာပြောင်းရွှေ့လာဖို့ သတင်းထွက်နေတဲ့ နည်းပြဇာဘီ အလွန်ဆိုဟာလေဗာကူဆင်အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိစာချုပ်သက်တမ်း တိုးမြှင့်လိုက်တယ်လို့သိရပါတယ်။ရီးရဲကစားသမားဟောင်းဖြစ်တဲ့အလွန်ဆိုဟာ ထိပ်တန်း နည်းပြသက်တမ်း ၁နှစ်သာရှိသေးပေမယ့် လေဗာကူဆင်အသင်းကိုပြီးခဲ့တဲ့ရာသီက အောင်မြင်မှုတွေရအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
#Local_Sport #အန်ဆယ်လော့တီ
#Ref: Managing Madrid
- Category: Sport
- Hits: 97
#Local_News
Published_ 5 August 2023
အပြောင်းအရွှေ့ပိတ်သိမ်းဖို့ တစ်လနီးပါးသာလိုတော့တဲ့အချိန်မှာနောက်ထပ်ကွင်းလယ်လူ ၂ ဦးထပ်မံခေါ်ယူဖို့ လီဗားပူးအသင်းကစီစဉ်နေပြီးကစားသမားအများအပြားကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
အပြောင်းအရွှေ့ကစက်တင်ဘာ ၁ရက်မှာပိတ်သိမ်းမှာဖြစ်ပြီး ပရီးမီးယားလိဂ်ရာသီသစ်က သြဂုတ်၁၃ ရက်မှာစတင်တော့မယ်အချိန်မှာ လီဗာပူးရဲ့အပြောင်းအရွှေ့က ပြီးဆုံးခြင်းမရှိသေးတာဖြစ်ပါတယ်။
ဝါရင့်ကွင်းလယ်လူတွေဖြစ်ကြတဲ့ ဟန်ဒါဆင်နဲ့ ဖာဘင်ဟိုတို့ဆော်ဒီလိဂ်ကို ပြောင်းရွှေ့သွားခဲ့သလို မီလ်နာကလည်း ဘရိုက်တန်ကိုပြောင်းရွှေ သွားခဲ့တာကြောင့်လိုက်နေတဲ့ကွင်းလယ်လို အပ်ချက်ကိုဖြည့်ဆည်းဖို့အခုလို စီစဉ်နေတာဖြစ်ပါတယ်။
လက်ရှိမှာ ဆောက်သမ်တန်ကွင်းလယ်လူ လာဗီယာနဲ့ ဘရာဇီးကလပ်ဖလူမင်နက်စီက လူငယ်ကွင်းလယ်လူ အင်ဒရေတို့ကို ပစ်မှတ်ထားစောင့်ကြည့်နေပြီးကမ်းလှမ်းမှုတွေပြုလုပ်ထားတယ်လို့သိရပါတယ်။
လီဗာပူးက ကွင်းလယ် ဘောလုံး ထိန်းချုပ်သူနဲ့ အဖျက်သန်ပြီးတိုက်စစ်လိုက်ပါကစားနိုင်တဲ့ ကစားသမား၂ဦးကိုခေါ်ယူလိုနေတယ်လို့ဆိုပါတယ်။
ဒါအပြင် မာနူးကိုနေး၊ ကီဖရန်သူရမ်၊ဂရာဗန်ဗာ့ချ်၊မက်သီးယပ်နူနက်ဇ်၊ရာဖေးလ်ဗီဂါ၊ ကာမာရာ၊ ဒ်ိုကိုရီနဲ့ပယ်လင်ဟာတို့လို ကွင်းလယ်လူတွေကိုလည်းစောင့်ကြည့်နေတယ်လို့ သိရပါတယ်။
#Local_News #လီဗာပူးကနောက်ထပ်ကွင်းလယ်လူ၂ဦးထပ်မံခေါ်ယူ
#ref:This is Anfield
- Category: Sport
- Hits: 106
#Local_Sport
Published_ 4 August 2023
အာဆင်နယ်အသင်း၏ အဓိကတိုက်စစ်မှူးဂါဘရီယယ်ဂျေဇူးသည် ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူရမည်ဖြစ်သောကြောင့် ရာသီအစပွဲစဉ်များကို လွဲချော်မည်ဖြစ်ကြောင့် နည်းပြ အာတီတာကအတည်ပြုပြောကြားခဲ့သည်။
ဂျေဇူးသည်ပြီးခဲ့သည့်ရာသီကလည်း ပွဲကမ္ဘာ့ဖလားတွင်ရခဲ့သည့် ဒူးဒဏ်ရာေကြာင့် ပွဲစဉ်၁၅ပွဲလွဲချော်ခဲ့ပြီး ယခုနောက်ဆုံးကစားခဲ့သည့် မိုနာကိုနှင့်ခြေစမ်းပွဲကိုလည်းပါဝင်မကစားနိုင်ခဲ့ပေ။
"သူ့ရဲ့ဒူးဒဏ်ရာအခြေအနေကပြဿနာအနည်းငယ်ရှိနေပါတယ်။ မပြင်းထန်ပေမယ့် ရက်သတ္တပတ်အနည်းငယ်အနားယူရပါလိမ့်မယ်။ သူဟာအကောင်းဆုံးပုံစံရနေလို့ ကျွန်တော်တို့အတွက်ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုပါပဲ။ အထူးသဖြင့်ဘာစီလိုနာနဲ့ပွဲမှာကစားခဲ့တဲ့ခြေစွမ်းကအတော်ကောင်းခဲ့ပါတယ်။ သူအမြန်ဆုံးပြန်ကစားနိုင်ဖို့မျှော်လငိ့ပါတယ်"ဟုနည်းပြအာတီတာက ပြောကြားခဲ့သည်။
မိုနာကိုနှင့်ပွဲစဉ်တွင် ဂျေဇူးနေရာ၌အန်ကက်တီယားဝင်ရောက်ကစားခဲ့ပြီး တစ်ဂိုး သွင်းယူနိုင်ခဲ့သည်။ သို့သော် အခြားတိုက်စစ်မှူးတစ်ဦးဖြစ်သည့် အမေရိကန်လက်ရွေးစင် ဘာလိုဂန်မှာ အရန်စာရင်းတွင် ပင်ပါဝင်လာခြင်းမရှိပေ။ဘာလိုဂန်သည်ပြီးခဲ့သည့်ရာသီက ပြင်သစ်လီဂူး-၁ ကလပ် ရိမ်းစ်အသင်းတွင်အငှားသွားရောက်ကစားခဲ့ပြီး ၂၁ ဂိုး "သွင်းယူနိုင်ခဲ့သော်လည်း အာဆင်နယ်မှ ထွက်ခွာရန်များနေပြီး နည်းပြအာတီတာ၏ စိတ်ကြိုက်ကစားသမား မဖြစ်ခဲ့ပေ။
၎င်းအားအင်တာမီလန်က ခေါ်ယူရန် ကြိုးပမ်းနေသည်ဟုသတင်းများ ထွက်ပေါ်နေပြီး အခြားအာဆင်နယ်ကစားသမားများဖြစ်ကြသော လိုကွန်ဂါ၊ ထရပ်စတီးနှင့် မာကွင်ဟို့စ်တို့သည်လည်း အသင်းမှထွက်ခွာရန်ပြင်ဆင်နေကြသည်။ အခြားသတင်းတစ်ရပ်တွင် အာဆင်နယ်အသင်းသည်ဒိုင်နမိုဇာဂရက် အသင်းမှခရိုအေးရှား နောက်ခံလူ အသက်၂၃နှစ်ရှိ ဂျိုဆစ်ဆူတာလို ကိုခေါ်ယူရန် စောင့်ကြည့်နေကြောင်းသိရသည်။
#Local_Sport #အာဆင်နယ်တိုက်စစ်မှူး ဂျေဇူး ဒူးဒဏ်ရာခွဲစိတ်ကုသ
Ref : 90min
- Category: Sport
- Hits: 143
#Local_Sport
Published_ 3 August 2023
လက်ရှိမန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ကို ပြီးခဲ့တဲ့နွေရာသီမှာမခန့်အပ် မီအသင်းမှ ထွက်ခွာဖို့စဉ်းစားခဲ့တယ်လို့ တိုက်စစ်မှူး မားကပ်ရပ်ရှ်ဖို့ဒ်ကဖွင့်ဟပြောကြားခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ သူ့ရဲ့ကစားသမားဘဝသက်တမ်းတစ်လျှောက် ဂိုးသွင်းအနည်း ဆုံးရာသီကိုတန်ဟက်ခ်မရောက်မီ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။တန်ဟက်ခ်ကိုင်တွယ်တဲ့ ပထမရာသီမှာတော့ သူရဲ့ကစားသမားဘဝတစ်လျှောက် လက်ရှိအချိန်ထိ ခြေစွမ်းအကောင်းဆုံးရာသီတစ်ခုဖြစ်ခဲ့ပြီး ပြိုင်ပွဲစုံမှာဂိုး၃၀အထိ အံ့အားသင့်ဖွယ် သွင်းယူနိုင်ခဲ့ပါတယ်။လက်ရှိအချိန်မှာ ရပ်ရှ်ဖို့ဒ်ဟာအသင်းနဲ့ကာလရှည်စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပြီး မန်ယူအသင်းရဲ့ လစာအမြင့်ဆုံးကစားသမား ဖြစ်လာခဲ့ပြီးအသင်းရဲ့ အဓိကကစားသမားအဖြစ်လဲ ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့တန်ဟက်ခ်မရောက်ခင်မှာ အသင်းက ထွက်ခွာဖို့အထိ စဉ်းစားခဲ့ကြောင်းရက်ရှ်ဖို့ဒ်က အခုလို ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
"အရာရာဟာ အကြောင်းတရားတစ်ခုကြောင့် ဖြစ်ပေါ်ခဲ့တာပါ။"နည်းပြကြီးဟာ အသင်းကို အချိန်ကိုက်ရောက်ရှိလာခဲ့တာဖြစ်ပြီး အလုပ်ဖြစ်ခဲ့ပါတယ် ။သူရောက်ရှိလာတာဟာ ကျွန် ေတာ့်ရဲ့စွမ်းဆောင်ရည်ကို လွှမ်းမိုးမှုရှိခဲ့ပြီး အခုလိုခြေစွမ်းကောင်းတွေရရှိပိုင်ဆိုင်ခဲ့တာပါ။ အခုကျွန်တော် ဂိုးတွေသွင်းယူရတာ၊ဂိုးဖန်တီးမှုပြုလုပ်ရတာနဲ့ တိုက်စစ် ဧရိယာထဲမှာ တစ်ဖက်အသင်းကို ခြိမ်းခြောက်ဖို့ကြိုးစားရတာတွေကို ပျော်ရွှင်နေပါတယ် "ရပ်ရှ်ဖို့ဒ်ကပြောကြားခဲ့ပါတယ်။
#Local_Sport #နည်းပြတန်ဟက်ခ်ကိုမခန့်အပ်မီအသင်းမှထွက်ခွာရန်စဉ်းစားခဲ့
#Yangon_Times
- Category: Sport
- Hits: 106