Published 12 December 2023

တရုတ်နိုင်ငံ မန်စီမြို့နှင့် ရန်ကုန်၊မန္တလေးတိုက်ရိုက် ပြေးဆွဲသည့် လေကြောင်းလိုင်းကိုယခု ဒီဇင်ဘာလအတွင်း ပြန်လည် ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှသိရသည်။

ယင်းကဲ့သို့ ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်းကို MNAမှ လေယာဉ်ပျံသန်းမှုအချိန်စာရင်းထုတ်ပြန်ချက်အရသိရခြင်းဖြစ်သည်။

ဒီဇင်ဘာ၁၂၊၁၄၊၁၆ရက်များတွင် ရန်ကုန်မှ တရုတ်(မန်စီ)သို့ မနက်ပိုင်းအသွား 12:30၊ ဆိုက်ရောက် 17: 15 ညနေပိုင်းတရုတ်(မန်စီ) မှရန်ကုန်သို့ အသွား18:15  ဆိုက်ရောက် 20:35 ဖြင့်လေကြောင်းလိုင်းများပြေးဆွဲပေးမည်ဟုဆိုသည်။

ဒီဇင်ဘာ၁၂၊၁၄၊၁၆ရက်များတွင်  မန္တလေးမှ တရုတ်(မန်စီ)သို့ မနက်ပိုင်းအသွား14:30၊ ဆိုက်ရောက်17:15နှင့် တရုတ်(မန်စီ)မှ မန္တလေးသို့ ညနေပိုင်း18:15တွင်ပြန်လည်ထွက်ခွာလာမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါခရီးစဉ်များကို ဒီဇင်ဘာလ၅ရက်ကတည်းက ပြေးဆွဲနေခြင်းဖြစ်ပြီး ဒီဇင်ဘာလအတွင်း အပတ်စဥ် အင်္ဂါ၊ကြာသပတေး၊စနေ နေ့များတွင်ပြေးဆွဲပေးလျက်ရှိသည်။

မန်စီမြို့ကနေ မန္တလေးမြို့ဆီ ပျံသန်းမည့် လေယာဉ်ခရီးစဉ်အတွက် လက်မှတ်ခနှုန်းထားကို (၁၅၈၈) ယွမ် သတ်မှတ်ထားပြီး မန်စီ- ရန်ကုန်ခရီးစဉ်အတွက်ကိုတော့ လေယာဉ်လက်မှတ်ခ (၁၂၈၈) ယွမ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်းဇွန်လအတွင်း MNA လေကြောင်းလိုင်း၏ကနဦးထုတ်ပြန်ချက်များ အရသိရသည်။
Yangon-Times/tthl
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group