Published_ 20 November 2023

မြန်မာနယ်စပ်ဒေသသို့ တရားမဝင်ရောက်နေသော တရုတ်နိုင်ငံသား တစ်ထောင်လေးဆယ်ကျော်ကို သက်ဆိုင်ရာသို့ ဆက်လက် လွှဲပြောင်း ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

ယနေ့ နိုဝင်ဘာလ ၂၀ ရက်တွင် တရုတ်နိုင်ငံသား အမျိုးသား ၉၈၂ ဦး၊ အမျိုးသမီး ၆၀ ဦး၊ စုစုပေါင်း ၁၀၄၂ ဦးတို့အား စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

ယင်းကြောင့် အောက်တို ဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၂၀ ရက်အတွင်း တရုတ်နိုင်ငံသား အမျိုးသား ၁၉၁၇ ဦး၊ အမျိုးသမီး ၁၄၂ ဦး၊ စုစုပေါင်း ၂၀၅၉ ဦးတို့ကို ဖော်ထုတ်ရရှိခဲ့ကြောင်း သိရသည်။

၎င်းတို့ကို ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန် ရှိသူ များ ထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင် လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်း လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News