15 November 2023

မြန်မာနိုင်ငံမြောက်ပိုင်းပဋိပက္ခ နောက်ဆုံးအခြေ အနေနှင့်စပ်လျဉ်း၍တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ်သည် နိုဝင်ဘာလ ၁၄ ရက်တွင်သဘောထား ထုတ်ဖော်ပြောကြားလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ထုတ်ပြန်ချက်အရသိရသည်။

ထုတ်ပြန်ချက်တွင်  တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ်က" တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်းပဋိပက္ခအခြေအနေကို အလွန်ဂရုပြုလျက်ရှိကြောင်း၊ 

သက်ဆိုင်ရာဘက်အသီးသီးအမြန်ဆုံး အပစ်အခတ်ရပ်စဲ၍ ဆွေးနွေးမှုညှိနှိုင်းမှုမှတစ်ဆင့် ငြိမ်းချမ်းသောနည်းလမ်းဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းကာ အခြေအနေပို၍ပြင်းထန်လာခြင်းမှရှောင်ကြဉ်ရန်တိုက်တွန်းကြောင်း၊ 

မြန်မာနိုင်ငံဘက်က လက်တွေ့ကျ၍ထိရောက်သောအစီအမံဖြင့် တရုတ်-မြန်မာနယ်စပ်ဒေသ လုံခြုံတည်ငြိမ်အေးချမ်းမှုကို အာမခံပေးရန် တရုတ်ဘက်ကတောင်းဆိုကြောင်း "ပြောကြားခဲ့ကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 15 November 2023
#YMG #Yangon_Times #Yangon_Media_Group