Published 6 November 2023

    မြန်မာအလုပ်သမားများ တရုတ်နိုင်ငံတွင် တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့်ကိစ္စရပ်နဲ့စပ်လျဉ်းပြီး နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြောင်းအလုပ်သမားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

     တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊နန်နင်းမြို့၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်မှ ၄ ရက်နေ့ အထိကျင်းပခဲ့သည့် အာဆီယံ-တရုတ်ဖိုရမ်သို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် နှင့်အဖွဲ့တတ်ရောက်ခဲ့စဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ တယ်ဟုန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှင့် ပေါင်စန်းဒေသ တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကိစ္စများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

 အဆိုပါ ဆွေးနွေးမှုများ တွင် ရွှေ့ပြောင်းအလုပ်သမားရေးရာကိစ္စရပ်များနှင့်ပက်သက်ပြီး  မြန်မာ-တရုတ်နှစ်နိုင်ငံအကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ် ချုပ်ဆိုနိုင် ရေး ဆောင်ရွက်မှုအခြေအနေများ၊ မြန်မာအလုပ်သမားများ တရုတ်နိုင်ငံတွင် တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့်ကိစ္စရပ်များ၊အပါအအဝင်  မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် တရုတ်နိုင်ငံ၏ နိုင်ငံခြားသားအလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
Yangon Time/LW
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group