Published_ 01 November 2023

နှစ်သက်တမ်း(၁၁၃)နှစ်ရှိပြီဖြစ်သည့် အောင်ဆန်းအားကစားကွင်း အသစ်ပြန်လည်တည်ဆောက်ရေးအတွက် တရုတ်နိုင်ငံမှ တရုတ်အင်ဂျင်နီယာအဖွဲ့ဝင်များမြန်မာနိုင်ငံသို့လာရောက်လေ့လာခဲ့ပြီး လုပ်ငန်းဆောင်ရွက် မှုများရှိခဲ့ကြောင်းအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှသိရသည်။

အောက်တိုဘာလ(၃၁)ရက်တွင်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးသံမှူး Mr.OUYANG Daobing ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံခဲ့သည်ဟုဆိုသည်။

ယင်းကဲ့သို့တွေ့ဆုံစဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးသံမှူး Mr.OUYANG Daobing က မိတ်ဆက်စကားပြောကြားခဲ့ပြီး တရုတ်နိုင်ငံမှ အောင်ဆန်းအားကစားကွင်း အသစ်ပြန်လည် တည်ဆောက်ရေးအတွက် လာရောက်လေ့လာသည့် အင်ဂျင်နီယာအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများ တင်ပြခြင်းအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။

အောင်ဆန်းအားကစားကွင်း(ခေါ်)ဗိုလ်ချုပ်အောင်ဆန်းအားကစားကွင်းသည် ဘက်စုံအားကစားကွင်းဖြစ်ပြီး ၁၉၀၈ခုနှစ်တွင်စတင်တည်ဆောက်ခဲ့ကာ ၁၉၁၀ခုနှစ်တွင်ပြီးစီးခဲ့ပြီး ယခုဆိုလျှင် နှစ်သက်တမ်း (၁၁၃)နှစ်ရှိပြီဖြစ်ကြောင်းသိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 01 November 2023
#YMG #Yangon_Times #Yangon_Media_Group