Published_ 05 October 2023

တရုတ်နိုင်ငံ၊ဟန်ကျိုးမှာကျင်းပနေသည့် အာရှအားကစားပြိုင်ပွဲတွင် မြန်မာလှေလှော်အသင်း(အမျိုးသမီး)သည် ရိုးရာလှေ (နဂါးလှေ)မီတာ၅၀၀ပြိုင်ပွဲတွင်ကြေးတံဆိပ်ဆုရရှိခဲ့ကြောင်း မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် နှင့်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှသိရသည်။

အဆိုပါပြိုင်ပွဲတွင် ပထမဆုတရုတ်၊ဒုတိယဆုအင်ဒိုနီးရှားနှင့် တတိယဆုကြေးတံဆိပ်ကို မြန်မာနိုင်ငံမှထိုက် ထိုက်တန်တန်ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာလှေလှော်အသင်းသည် အာရှအားကစားပြိုင်ပွဲတွင် ရိုးရာလှေ(နဂါးလှေ)အားကစားနည်းဖြင့် မီတာ၂၀၀အမျိုး သားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ မီတာ၅၀၀အမျိုးသားပြိုင်ပွဲ၊အမျိုးသမီးပြိုင်ပွဲနဲ့ မီတာ၁၀၀၀အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီး ပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး မီတာ၂၀၀ပြိုင်ပွဲများတွင် စတုတ္ထနေရာဖြင့်သာကျေနပ်ရပြီးယခုမီတာ၅၀၀ပွဲမှ ကြေးတံဆိပ်ဆုရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group