#local_news
Published_ 1 June 2023
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် နယ်စပ်ဖြတ်ကျော် လောင်းကစားမှု စသည့် တရားမဝင် ရာဇဝတ်မှုများ ပူးပေါင်းတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တရုတ်နိုင်ငံ သံအမတ်ကြီး တို့ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း ရန်ကုန်မြို့ရှိ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တရုတ်သံအမတ်ကြီး Mr. Chen Hai သည် မေ ၃၁ ရက်တွင် နေပြည်တော်၌ ဒုတိယဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တွေ့ဆုံခဲ့ပြီး ဆက်သွယ်ရေးလိမ်လည်မှုများ၊ ရာဇဝတ်မှုများ တိုက်ဖျက်နှိမ်နင်း ရေးနှင့်စပ်လျဉ်း၍ ရပ်တည်ချက်နှင့် လုပ်ဆောင်မှုများကို ညှိနှိုင်းဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

သံအမတ်ကြီးက တရုတ်-မြန်မာနှစ်နိုင်ငံသည် ဆက်သွယ်ရေးလိမ်လည်မှု တရားမဝင်လုပ်ရပ်များကြောင့် ပြည်သူလူထုနှင့် လူ့အဖွဲ့အစည်းအပေါ် ထိခိုက်မှုများကို များစွာအလေးထားကြောင်း၊ နှစ်ဦးနှစ်ဖက်သည် အခြားသက်ဆိုင်သူများနှင့်အတူ မြန်မာနိုင်ငံနယ်စပ်ဒေသရှိ လိမ်လည်မှုများ အထူးတိုက်ဖျက်နှိမ်နင်းရေးကို ဆက်တိုက် ဆောင်ရွက်လျက်ရှိပြီး ကနဦး အကျိုးရလဒ်များ ရရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံသည် သက်ဆိုင်ရာလှုပ်ရှားမှုများကို မြန်မာနိုင်ငံအပါအဝင် သက်ဆိုင်ရာအိမ်နီးချင်းနိုင်ငံများနှင့်အတူ ပူးပေါင်းမြှင့်တင်ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က တရုတ်နိုင်ငံ၏ စိုးရိမ်ပူပန်မှုများကို မြန်မာနိုင်ငံမှ များစွာအလေးထားကြောင်း၊ ဘက်စုံတိုက်ဖျက်နှိမ်နင်းရေးအစီအမံများ လုပ်ဆောင်ထား ပြီး တရုတ်နိုင်ငံအပါအဝင် သက်ဆိုင်ရာနိုင်ငံများနှင့် ပူးပေါင်းလှုပ်ရှားမှုများ ဆောင်ရွက် လျက်ရှိတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအပါအဝင် သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်၍ တိုက်ဖျက်နှိမ်နင်းရေးလုပ်ငန်းကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#YMG #Yangon_Media_Group