#Local_News
Published 24 May 2024

▪️ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ်ရှိ ကျုံအိတ်တံတား ပြင်ဆင်မှုများ ကိုယမန်နေ့ကစတင်ပြုလုပ်နေပြီဖြစ်ကြောင်းဒေသခံများဆီက သိရသည်။

 

▪️ ပြီးခဲ့သည့်မေ ၁၁ ရက်က မိုင်းခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတားကို မေလ ၂၃ ရက်နေ့ နေလယ်ပိုင်းကစပြီး ရွှေသံလွင်ကုမ္ပဏီမှပြန်လည်ပြုပြင်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း သိရသည်။

 

▪️ " ဒီတံတားက ဖျက်ဆီးခံရတာနှစ်ခါရှိပြီ၊ ဘယ်သူတွေအခက်အခဲဖြစ်လဲဆို ပြည်သူပဲခက်ခဲတာပဲလေ၊ သွားရလာရတာအဆင်မချောဘူး၊ ကုန်တွေသယ်ရတာမလွယ်ရင် ဈေးတက်မယ်၊ ခက်ခဲကုန်တာပေါ့၊အခုပြန်ပြင်နေပြန်ပြီ၊ ယာယီသံဘေလီဘောင်တံတားအမျိုးအစား ပြန်လည်ပြင်ဆင်နေတာ ဖြစ်မယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

 

▪️ ထို့အပြင်  မေလ(၂၃)ရက် နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံရသည့် ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြ‌ကျေးရွာအုပ်စုရှိ မစောတံတားကိုလည်း ပြင်ဆင်ရန် စီစဉ်လျက်ရှိပြီးလတ်တလောတွင်လမ်းလွဲများမှတဆင့်သွားရောက်နေရသည့်အတွက်အခက်အခဲများစွာကြုံ‌တွေ့ နေရကြောင်း သိရသည်။

 

#YMG/ NN #Yangon_Times