#Local_News
Published 12 April 2024


အဆို‌တော်အောင်လနှင့် အဆိုတော်ဝိုင်းစုခိုင်သိန်းတို့ ပြောထားသည့် အသံဖိုင်လူမှုကွန်ရက်ပေါ်ပြန့်နှံ့ခဲ့၍ အသံဖိုင်ပါ‌ အောင်လ‌ပြောထားသည့်စကားများအရနစ်နာခဲ့ရသည့် အေးသောင်း(ခေါ်)အေးဝတ်ရည်သောင်းအပါအဝင် ထိခိုက်နစ်နာခဲ့သူများကို  ‌အဆိုတော်အောင်လမှ နိုင်ငံပိုင်သတင်းစာမှ တစ်ဆင့်ပြန်လည်တောင်းပန်ခဲ့ကြောင်းသိရသည်။

 

အသံဖိုင်ကြောင့် မရည်ရွယ်ဘဲ အေးသောင်းအပါ အဝင် ထိခိုက်နစ်နာစေခဲ့သူများကို လေးစားစွာ အနူးအညွတ်တောင်းပန်ကြောင်း၊

 

အ‌ဆိုပါ ကာယကံရှင်နှင့် ပတ်သက်၍ ပြန့်နှံ့နေသော အသံဖိုင်အတွင်း၌ဖော်ပြထားသကဲ့သို့ အဆက်အသွယ်မရှိခဲ့သည့်အပြင် လူမှုရေး၊ စီးပွားရေးအဆက်အသွယ်မရှိသည်မှာလည်း ယနေ့တိုင်ဖြစ်ကြောင်း၊

 

သို့ဖြစ်ပါ၍ကာယကံရှင် မိတ်ဆွေတို့အား ထိခိုက်နစ်နာစေခဲ့သည့်အတွက် ကျွန်တော့်အား ခွင့်လွှတ် ပေးပါရန် အနူးအညွတ်တောင်းပန်အပ်ကြောင်း ဖော်ပြထားသည်။

 

လူမှုကွန်ရက်ပေါ်ပြန့်နှံ့ခဲ့သည်  အောင်လပြောထားသည့်အသံဖိုင်တွင် သရုပ်ဆောင်အေးသောင်း(ခေါ်) အေးဝတ်ရည်သောင်း၊နန်းဆုဦး၊နန်းမွေ့စံ၊သင်ဇာဝင့်ကျော်စသည့်နာမည်များပါပါဝင်နေပြီး သရုပ်ဆောင်အေးသောင်း(ခေါ်) အေးဝတ်ရည်သောင်း၊နန်းဆုဦးကတော့  အောင်လပြောသော အကြောင်းအရာများမမှန်ကန်‌‌ကြောင်းနှင့်တရားဝင်မတောင်းပန်ပါက တရားဥပဒေအရ ဆောင်ရွက်ရန်ရှိကြောင်း ၎င်းတို့၏ လူမှုကွန်ရက်မှတစ်ဆင့် ရေးထားဖော်ပြခဲ့ရာ ယခုလို အောင်လမှ သတင်းစာမှတစ်ဆင့်ပြန်တောင်းပန်ခြင်းဖြစ်ကြောင်း သိရသည်။

 

#Local_News #အေးသောင်းအပါအဝင်အသံဖိုင် #အဆိုတော်အောင်လ #နိုင်ငံပိုင်သတင်းစာမှပြန်တောင်းပန် #tthl #Yangon_Times