Published 26 February 2024

ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သည့်နိုင်ငံများတွင် မြန်မာနိုင်ငံသည် တင်ပို့မှုအများဆုံး အဆင့်  အနေဖြင့်နံပါတ် ၈ ကိုချိတ် ထားကြောင်း Seasia Statsသတင်းဌာနမှ သိရသည်။

၂၀၂၃/၂၀၂၄ ခုနှစ်၌ နိုင်ငံတကာသို့ ဆန်တင်ပို့မှုအများဆုံး ၁၀နိုင်ငံစာရင်းတွင် အိန္ဒိယနိုင်ငံသည်ပထမ ၊ထိုင်းနိုင်ငံသည်ဒုတိယ ၊ဗီယက်နမ်နိုင်ငံသည် တတိယနှင့် မြန်မာနိုင်ငံသည် အဌမနေရာ၌ နေရာယူထားခြင်းဖြစ်သည်။

မြန်မာ့ဆန်များကို အိမ်နီချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အင်ဒိုနီးရှား၊ ဖီလစ်ပိုင်စသည့်နိုင်ငံများအပြင် ဥရောပဈေးကွက်သို့လည်းတင်ပို့နေခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် ပြည်ပသို့နှစ်စဉ်တန်ချိန် ၂ ဒသမ ၁ သန်းတင်ပို့လေ့ရှိသော်လည်း ယခုဘဏ္ဍာနှစ်တွင် တန်ချိန် တစ်သန်းကျော်သာ တင်ပို့နိုင်ရန်ခန့်မှန်းထားကြောင်းမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲများတင်ပို့ရာတွင်  ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် (၂) သန်းနီးပါးတင်ပို့ရန် လျာထားပြီး အမေရိကန်ဒေါ်လာ သန်းတစ်ထောင် ဝင်ငွေရရှိရန် ခန့်မှန်းထားကြောင်း သိရသည်။

ပြည်ပသို့ ဆန် တင်ပို့ရာတွင် တန်ချိန်များများ တင်ပို့ခြင်းထက် ဝင်ငွေပိုရသည့် ဆန်ကွဲ၊ ဆန်ဖြူနှင့်ပေါင်းဆန်အပါအဝင် တန်ဖိုးမြင့် ဆန်များကို ဦးစားပေးတင်ပို့ရောင်းချနိုင်ရန် စီစဉ်ထားကြောင်းလည်း ပြီးခဲ့သည့်သတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဌကပြောကြားထားသည်။
Yangon Times/NN
#Local_News
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group