Published_ 23 February 2024

ဟိန္ဒူဘာသာတွင် သိုက် အယူအဆမရှိသည့်အတွက် ဟိန္ဒူဘုရားများ အမည်နာမဖြင့် ပူးကပ်သယောင် လုပ်သူများသည် လူလိမ်များသာဖြစ်ကြောင်းဟိန္ဒူဘာသာရေးအသိပညာအဖွဲ့မှ သတိပေးထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက အနုပညာရှင်အသိုင်းအဝိုင်းမှ အမျိုးသမီးတစ်ဦးမှ  သိုက်ချော့သည်ဟုဆိုကာ ဟိန္ဒူရိုးရာ အမျိုးသမီးအဝတ်အစားအား ဝတ်ဆင်ကာ ပူးနေသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့နေပြီးနောက် ဝေဖန်မှုများမြင့်တက်ခဲ့ပြီး ဟိန္ဒူသာသနာပုံရိပ်ကို ညှိုးနွမ်းစေသည့် အချင်းအရာများအား ရှုံချ‌ကြောင်းဟိန္ဒူဘာသာရေးအသိပညာအဖွဲ့မှ ထပ်မံအသိပေးကြေညာ တားမြစ်ချက်ထုတ်ပြန်လာခြင်းဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ဟိန္ဒူဘာသာတွင် သိုက်ဟူသော အယူအဆလည်း အလျဉ်းမရှိပါ၊ ထို့အတွက် ဟိန္ဒူဘုရားများ အမည်နာမဖြင့် ပူးသယောင် ကပ်သယောင်လုပ်သူများဟာ လူလိမ်စစ်စစ်များသာဖြစ်ပါကြောင်း အမှန်တကယ်သာ ပူးကပ်လျှင်လည်း ဘုရားမဟုတ်ဘဲ မကျွတ်မလွတ် သရဲတစ္ဆေ၊ လမိုင်းများသာ ဖြစ်ကြောင်းဖော်ပြထားသည်။

ထို့အပြင်  ဟိန္ဒူဘုရားများအား မေတ္တာပို့ခြင်းကို လုံး၀လက်မခံသလို ဟိန္ဒူသာသနာအကြောင်းပြု၍ ပူးကပ်ခြင်းဖြစ်စဉ်များကိုလည်း အပြင်းအထန်ဆုံး ရှုတ်ချကြောင်း၊ထိုအပြုအမူပြုသူတစ်ဦးတစ်ယောက်ချင်းဆီကို မှတ်တမ်းယူထား၍ အမည်ပျက်စာရင်းသွင်းသွားမည်လည်းဖြစ်ကြောင်းဖော်ပြပါရှိသည်။
Yangon Times/NN
#Local_News
#Published_ 23 February 2024
#YMG_News #Yangon_Times #Yangon_Media_Group