‘ကျိုက္ခမီရေလယ်ဘုရားပွဲတော်’ ပြန်လည်ကျင်းပမည်

‘ကျိုက္ခမီရေလယ်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်’ ကို အောက်တိုဘာ ၂၃ ရက် မှ ၂၇ ရက် အထိ ကျင်းပ သွားမှာဖြစ်ပြီး အသံမစဲ မဟာပဌာန်းရွတ်ဖတ် ပူဇော်ပွဲကျင်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အောက်တိုဘာ၂၉ ရက်သီတင်းကျွတ်လပြည့်နေ့ မနက် ၃ နာရီမှာတော့ ‘ဆွမ်းအိုးမျှောပွဲ’ကို ကျင်းပသွားမှာဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့မှာ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားလည်း ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်’ ကျိုက္ခမီရေလယ်ဘုရားဂေါပကအဖွဲ
Yangon_Times/tthl
#Local_News
#Published_ 4 October 2023
#YMG #Yangon_Times #Yangon_Media_Group